MPT မှ သင့်ကျန်းမာရေးစောင့်ရှောက်ပေး VAS ဝန်ဆောင်မှုအသစ် ကိုမိတ်ဆက်

MPT မှ သုံးစွဲသူများအတွက် သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်စေရေးအပြင် ကျန်းမာရေးထိခိုက်စေသည့် အကြောင်းရင်းများ၊ အကျိုးဆက်များ၊ ကုသမှုများနှင့် ပတ်သက်၍ မိဘပြည်သူများ သိသင့်သိထိုက်သော အသိပညာဗဟုသုတများ ပိုမိုတိုးပွားလာစေရေးကို ဦးစားပေး ရည်ရွယ်ထားသည့် “သင့်ကျန်းမာရေး စောင့်ရှောက်ပေး” ဟူသော ကျန်းမာရေးအသိပညာပေး VAS ဝန်ဆောင်မှု အသစ်ကို စတင် မိတ်ဆက်လိုက်ပါတယ်။

MPT သုံးစွဲသူများအနေဖြင့် ယခု ဝန်ဆောင်မှုအသစ်အတွက် SMS မှ တစ်ဆင့် တစ်ပတ်လျှင်သုံးကြိမ် ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို လက်ခံရရှိမည်ဖြစ်ပြီး ရရှိသည့် SMS တွင် URL Link ပါဝင်လာမည်ဖြစ်ကာ ၎င်း Link မှတစ်ဆင့် ဝန်ဆိုင်မှုဆိုင်ရာ အချက်အလက်များအား အသေးစိတ်ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် အရေးကြီးသော အခန်းကဏ္ဍ (၁၂) မျိုး ဖြစ်သည့် ကူးစက်တတ်သော ရောဂါများ၊ မကူးစက်နိုင်သော ရောဂါများ၊ မျိုးဆက်ပွားကျန်းမာရေး၊ သားဖွားနှင့် မီးယပ်၊ ကလေးကျန်းမာရေး၊ အလှအပနှင့် လူနေမှုဘဝ၊ အရေပြားရောဂါများ၊ စိတ်ကျန်းမာရေး၊ အစားအသောက်နှင့် ကျန်းမာရေး၊ အရေးပေါ်အခြေအနေ များ အစရှိသည့် ကဏ္ဍများအတွက် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အချက်အလက် စာတိုများ၊ အသံဖိုင်များ၊ ဗွီဒီယိုဖိုင်များကို SMS မှတစ်ဆင့် ပေးပို့သွားမှာဖြစ်ပါတယ်။

MPT ၏ ဆွေသဟာ၊ ရှယ်ပြောနှင့် ရွှေစကား အစီအစဉ်ရယူထားကြသော GSM ၊ WCDMA သုံးစွဲသူများ အနေဖြင့် 8411 ထံ “HL” ဟု SMS ပေးပို့ရယူနိုင်မည်ဖြစ်ပြီးဝန်ဆောင်မှုကိုအတည်ပြုရန်အတွက် 8411 ထံ “HL ON” ဟု SMS တစ်စောင်ထပ်မံ ပေးပို့ရမှာဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ တစ်ပတ်လျှင် (၃) ကြိမ် အင်္ဂါ၊ ကြာသပတေး နှင့် တနင်္ဂနွေနေ့ တို့မှာ ကျန်းမာရေးဝန်ဆောင်မှု အကြံပေးချက်သုံးစောင်ကို လက်ခံရရှိမှာ ဖြစ်ပြီး ဝန်ဆောင်မှုကို ရပ်တန့်လိုပါက 8411 ထံသို့ “HL OFF” လို့ပေးပို့ရမှာဖြစ်ပါတယ်။ SMS တစ်စောင်အတွက် ၁၉၄ ကျပ် ကျသင့်မှာဖြစ်ပါတယ်။ စတင်မိတ်ဆက်သည့် နိုဝင်ဘာလ (၇) ရက်နေ့ မှ စပြီး ဝန်ဆောင်မှုရယူ အသုံးပြုသူတွေအနေနဲ့ ၁၄ ရက်တာ ဝန်ဆောင်ခ အခမဲ့ဖြင့် စတင်ရယူ အသုံးပြုနိုင်မှာဖြစ်ပြီး သတ်မှတ်ထားသော ပရိုမိုးရှင်းကာလ ကုန်ဆုံးသွားပါက အထက်ပါနှုန်းထားအတိုင်း စတင်ကောက်ခံသွားမှာ ဖြစ်ပါတယ်။

-အောင်သူ