MPT မှ ရခိုင်ပြည်သူများထံ SMS ပေးပို့ခြင်းဖြင့် ငွေလှူဒါန်းနိုင်မည့် အစီအစဉ်ပြုလုပ်

ရခိုင်ပြည်သူတွေထံကို SMS ပေးပို့ရင်း ငွေလှူဒါန်းနိုင်မယ့် အစီအစဉ်တစ်ခုကို MPT ကပြုလုပ်လိုက်ပါတယ်။

အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုဖြစ်ရပ်တွေကြောင့် ထွက်ပြေးတိမ်းရှောင် နေထိုင်ရတဲ့ ရခိုင်ပြည်နယ် ပြည်သူတွေ အတွက် ဆောင်ရွက်တာလို့ ဆိုပါတယ်။ ၂၀၁၇ ခုနှစ် အောက် တိုဘာ ၃ ရက် ၁၂ နာရီကနေ စတင်ပြီး အောက်တိုဘာ ၃၁ ရက်အထိ SMS ကနေတစ်ဆင့် လှူဒါန်းနိုင်မှာဖြစ်ပါတယ်။ Prepaid (ကြိုတင်ငွေဖြည့်ကတ် အသုံးပြုသူများ) နဲ့ Postpaid (အသုံးပြုပြီးမှ ပေးချေသည့်စနစ်) စနစ်သုံး GSM/CDMA/LTE+ အသုံးပြုသူတွေအနေနဲ့ 3001 ကို “500” ဆိုပြီုး စာတိုပေးပို့ လှူဒါန်းနိုင်မှာဖြစ်ပါတယ်။ မိမိဖုန်းဘီလ်ထဲ ကနေ ၅၀၀ ကျပ်ကို အလိုအလျောက် ကောက်ခံသွားမှာ ဖြစ်ပါတယ်။ SMS ကနေတစ်ဆင့် လှူဒါန်းမှု ပြုလုပ်သူတွေအနေနဲ့ မိမိဆင်းမ်ကတ်ထဲမှာ ဖုန်းဘီလ်လက်ကျန်ငွေ လုံလောက်သရွေ့ လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။ SMS ပေးပို့ခကို ဖြတ်တောက်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

-ထွန်းထွန်း