MPT ဒုံးပျံအိမ်သုံးဖိုက်ဘာအင်တာနက်ဝန်ဆောင်မှုကို မြို့နယ်​ပေါင်း ၇၀ ​တွင် တပ်ဆင်အသုံးပြုနိုင်ပြီ

MPT ရဲ့ မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုက်ဘာ အင်တာနက်ဝန်ဆောင်မှုကို မြန်မာနိုင်ငံ တစ်ဝန်းရှိ မြို့နယ်ပေါင်း ၇၀ အထိ ထပ်မံ တိုးချဲ့လိုက်ပြီဖြစ်​တယ်လို့ သိရပါတယ်။

မြို့နယ်ပေါင်း ၇၀ အထိ တိုးချဲ့လိုက်သလို အောက်တိုဘာလအတွင်း တပ်ဆင်ပါက သီတင်းကျွတ်အကြို ပရိုမိုးရှင်းအနေနဲ့ နိုဝင်ဘာလအတွက် ၁ လစာ အခမဲ့ အသုံးပြုခွင့်ကိုလည်း ပေးအပ်သွားမယ်လို့ သိရပါတယ်။

MPT ဒုံးပျံအိမ်သုံးဖိုက်ဘာအင်တာနက်ကို ဝန်ဆောင်မှုရရှိနိုင်တဲ့ နေရာအသေးစိတ်ကိုလည်း https://bit.ly/34gWfyD မှတစ်ဆင့် ကြည့်ရှုစစ်ဆေးနိုင်မှာဖြစ်ပါတယ်။ MPT ဒုံးပျံအိမ်သုံး ဖိုက်ဘာအင်တာနက်ကို အသုံးပြုနေသူတွေနဲ့ အသစ်တပ်ဆင် အသုံးပြုမယ့်သူတွေ အနေနဲ့ မိမိတပ်ဆင်မယ့် မြန်နှုန်းအမျိုးအစားပေါ် မူတည်ကာ မိုဘိုင်းဒေတာများ၊ MPT အချင်းချင်း ဖုန်းခေါ်ဆိုခွင့်နဲ့ အကန့်အသတ်မရှိ စာတိုပေးပို့ခွင့်များကို MPT မိုဘိုင်းဖုန်း (၅) လုံးအထိ ထပ်ဆောင်း အကျိုးကျေးဇူးတွေကိုလည်း ရရှိခံစားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

မြန်နှုန်းမြင့် MPT ဒုံးပျံအိမ်သုံးဖိုက်ဘာ အင်တာနက်ကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့အချိန်မှာ https://www.mpt.com.mm/mm/dome-pyan-form-individuals-mm/ မှတစ်ဆင့် ဝင်ရောက်လျှောက် ထားနိုင်ပြီး MPT ရဲ့ FTTH ဘီလ်အပါအဝင် အခြား အသုံးပြုပြီးမှ ပေးချေရတဲ့ ဘီလ်ပေးဆောင်မှုတွေ အတွက် MEB online payment, CB, KBZ,AYA,MAB Mobile Banking နဲ့ MPT Money တို့မှ တစ်ဆင့် အလွယ်တကူ ဆောင်ရွက်နိုင်မယ်လို့ သိရပါတယ်။ အသေးစိတ်ကို Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ *2800# ကို ခေါ်ဆို၍လည်းကောင်း၊ MPT ရဲ့ဝက်ဘ်ဆိုက်ဖြစ်တဲ့ www.mpt.com.mm သို့မဟုတ် MPT ရဲ့ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာ www.facebook.com/mptofficialpage တို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

-အောင်သူ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««