[ Zawgyi ]
MPT အသုံးပြုသူတွေ အနေနဲ့ လိုတရဂိမ်း Portal ကို ဝန်ဆောင်ခပေးသွင်းစရာမလိုဘဲ ဝင်ရောက်ကစားနိုင်မှာဖြစ်ပေမယ့်တချို့ ဂိမ်းတွေရဲ့ ဂိမ်းအတွင်း အဆင့်မြှင့်တင်ရန် ဝယ်ယူခြင်း (in-game purchase) တွေနဲ့ ဂိမ်းကစားနေချိန် အသုံးပြုရမယ့် ဒေတာတွေရဲ့ ကုန်ကျစရိတ်အတွက် ကစားသူရဲ့ အကောင့်မှနုတ်ယူသွားမယ်လို့ သိရပါတယ်။
-ကောင်းမြတ်ထွန်း
===============
[ Unicode ]
MPT က လိုတရ ဂိမ်း Portal အသစ်မိတ်ဆက်
===============
HTML5 အွန်လိုင်းဂိမ်းတွေနဲ့ မိုဘိုင်းလ်အက်ပလီကေးရှင်းဂိမ်းတွေကို ကစားနိုင်မယ့် လိုတရဂိမ်း Portal အသစ်ကို MPT ကမိတ်ဆက်လိုက်ပါတယ်။
လူကြိုက်အများဆုံးဖြစ်တဲ့ Mobile Legends, Heroes Evolved, Last Empire – War Z: Strategy စတဲ့ စိတ်ဝင်စားဖွယ်ရာ ဂိမ်းတွေ အပြင် ပဟေဠိဂိမ်းတွေ၊ အက်ရှင်ဂိမ်းတွေ နဲ့ ဗျူဟာသုံးကစားရတဲ့ဂိမ်းတွေ ၊ HTML5 ဂိမ်းတွေနဲ့ မိုဘိုင်းလ်အက်ပလီ ကေးရှင်း ဂိမ်းအသစ်တွေကို ဝန်ဆောင်ခပေးစရာမလိုဘဲ ကစားနို်င်မှာဖြစ်ပါတယ်။ မိုဘိုင်းအင်တာနက် ဒီနေရာကနေ ကို​ဝင်ပြီး မိမိကြိုက်နှစ်သက်ရာ ဂိမ်းအမည်ကို ရွေးချယ်ရမှာဖြစ်ကြောင်း၊ HTML5 ဂိမ်းတွေကို လိုတရဂိမ်း Portal မှာ တိုက်ရိုက်ကစားနိုင်မှာဖြစ်ကြောင်း သိရပါတယ်။
MPT အသုံးပြုသူတွေ အနေနဲ့ လိုတရဂိမ်း Portal ကို ဝန်ဆောင်ခပေးသွင်းစရာမလိုဘဲ ဝင်ရောက်ကစားနိုင်မှာဖြစ်ပေမယ့်တချို့ ဂိမ်းတွေရဲ့ ဂိမ်းအတွင်း အဆင့်မြှင့်တင်ရန် ဝယ်ယူခြင်း (in-game purchase) တွေနဲ့ ဂိမ်းကစားနေချိန် အသုုံးပြုရမယ့် ဒေတာတွေရဲ့ ကုန်ကျစရိတ်အတွက် ကစားသူရဲ့ အကောင့်မှနုတ်ယူသွားမယ်လို့ သိရပါတယ်။
-ကောင်းမြတ်ထွန်း