Movie Workflow with X System Live session ပြုလုပ်မည်

Movie creator များနဲ့ Vlogger များအတွက် Fujifilm ကင်မရာနဲ့ video ရိုက်ကူးခြင်းအကြောင်း မျှဝေပေးသွားမယ့် Movie Workflow with X System ဆိုတဲ့ Live session ကို Fujimyanmar ကနေ စက်တင်ဘာ ၁၂ ရက်မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ Live session ကို Fujifilm ရဲ့ စွမ်းဆောင်ရည်မြင့်ကင်မရာတွေမှာ ဓာတ်ပုံရိုက်ကူးခြင်းအတွက်သာမက Video ရိုက်ကူးတဲ့ အခါမှာ Resolution မြင့်မားတဲ့ 4K video တွေကို frame rate ကောင်းကောင်းနဲ့ အလွယ်တကူ ရိုက်ကူးနိုင်အောင် တည်ဆောက်ထားတာ ဖြစ်ကြောင်း ရှင်းလင်းပြောကြားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ Live အစီအစဉ်မှာ X-series ကင်မရာ အမျိုးအစားအစုံကို အများဆုံးအသုံးပြုပြီး Commercial Video တွေ၊ Short film တွေဖန်တီးနေတဲ့ Videographer ကိုကောင်းကောင်းနဲ့ Fujifilm Myanmar ရဲ့ X Product Specialist ကိုနေဝင်းအောင်တို့ ပါဝင်သွားမှာ ဖြစ်ပါတယ်။ Fujifilm Myanmar ရဲ့ တရားဝင် Facebook Page မှာ Live session အနေနဲ့ စက်တင်ဘာလ ၁၂ ရက်၊ ည ၇ နာရီမှာ မျှဝေပြောကြားပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««