Motors.com.mm က ပြည်တွင်း ဈေးကွက် အတွင်းရှိ အဆင့်မြင့် ဇိမ်ခံကားများ အကြောင်း အချက်အလက် အခြေပြု စာရá

Motors.com.mm က ပြည်တွင်းဈေးကွက် အတွင်းရှိ အဆင့်မြင့် ဇိမ်ခံကားများ အကြောင်း အချက်အလက် အခြေပြု စာရင်း ကောက်ယူမှုတစ်ခုပြုလုပ်ကြောင်း အဆိုပါ ဝက်ဘ်ဆိုက်မှ ထုတ်ပြန်သည်။

အချက်အလက် ကောက်ယူရာတွင် ဇိမ်ခံကားဟု သတ်မှတ်သည့်စံနှုန်းမှာ နိုင်ငံတကာအဆင့်မြင့် သတ်မှတ်တိုင်းတာခြင်းမျိုးမဟုတ်ဘဲ ပြည်တွင်းမော်တော်ယာဉ်ရောင်းဝယ်သူအများစုက ဇိမ်ခံ ကားအမျိုးအစားဟု သတ်မှတ် ထားလေ့ရှိသည့် ကားအမျိုးအစားများကို အချက်အလက် ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း၊ Motors.com.mm မှ ရရှိသောအချက်အလက်များအရ  မြန်မာ့ဇိမ်ခံကား (Luxury Car) ဈေးကွက်၏ အဆင့်(၁) မှ (၇) နေရာအထိကို
ပြည်တွင်းကားဈေးကွက်၏ ဈေးကွက်ဝေစုအများဆုံးရရှိထားသော တိုယိုတာ (Toyota) အမှတ်တံဆိပ် ဇိမ်ခံကားအမျိုးအစား ခုနှစ်မျိုးက ရယူထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ တိုယိုတာ မတ်ခ်တူး (Toyota Mark II) က ဈေးကွက်ဝေစု (၂၂) ရာခိုင်နှုန်းဖြင့် ပထမနေရာတွင်ရှိပြီး ယင်း၏နောက်မျိုး ဆက်တစ်ခုဖြစ်သည့် မော်ဒယ်မြင့် တိုယိုတာမတ်ခ်အိတ်စ် (Toyota Mark X) က ဈေးကွက်ဝေစု (၁၆) ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရှိကြောင်း သိရသည်။

တိုယိုတာလန်ခရူဇာ (Toyota Land Cruiser) က ဈေးကွက်ဝေစု (၉) ရာခိုင်နှုန်းဖြင့် တတိယနေရာရှိကြောင်း ဆိုသည်။ အဆိုပါ စာရင်းကောက်ယူမှု၏ အဓိကရည်ရွယ်ချက်မှာ ပြည်တွင်းရှိ ဇိမ်ခံကားများ၏ ဈေးကွက်အတွင်း
ဝေစုရရှိမှု အခြေအနေကို သတင်းအချက်အလက်များ မျှဝေပးရန်ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ စာရင်းကောက်ယူမှုကို ပြည်တွင်းရှိမော်တော်ယာဉ်အရောင်းပြခန်းများနှင့် တစ်သီးပုဂ္ဂလ မော်တော်ယာဉ် ရောင်းဝယ်သူများ အများဆုံး အသုံးပြုလျက်ရှိပြီး အွန်လိုင်းမှတစ်ဆင့် မော်တော်ယာဉ် အရောင်းအဝယ်ပြုလုပ်သည့် Motors.com.mm မှ အချက်အလက်များကို အခြေတည်ပြီး ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ပေါ်လစီ အပြောင်းအလဲ၊ ဆိပ်ကမ်းရောက်တန်ဖိုးအပြောင်းအလဲနှင့် ဂျပန်လေလံဈေးအပြောင်းအလဲတို့ကြောင့် အင်ဂျင်ပါဝါအမြင့်၊ မော်ဒယ်အမြင့်ဇိမ်ခံ ကားအမျိုးအစားများမှာ ဈေးနှုန်းများစွာ ကျဆင်းနိုင်ခြေ မရှိဘဲ  လက်ရှိတွင် အရောင်းသွက် လျက်ရှိသော ၂၀၀၂/၂၀၀၃ မော်ဒယ် Toyota Alphard များမှာမူ အနာဂတ် ဇိမ်ခံကားဈေးကွက်တွင် လူလတ်တန်းစားတို့အတွက် ဈေးနှုန်းသင့်ပြီး ဝယ်ယူရန် သင့်တော်သော ကားအမျိုးအစား ဖြစ်လာနိုင်ကြောင်း Motors. com.mm ၏ မြန်မာ့ကားဈေးကွက် ကျွမ်းကျင်သူများက သုံးသပ်သည်ဟု ဆိုသည်။