Motorola razr 2019 မော်ဒယ် ဓာတ်ပုံတွေများစွာ ထပ်မံထွက်ပေါ်

လွန်ခဲ့တဲ့ရက်အနည်းငယ်က Evan Blass ဟာ ဒီနှစ်အတွင်း ထွက်ရှိမယ့် Motorola razr ဓာတ်ပုံသစ် ၅ ပုံကို ထပ်မံပြသလိုက်ပါတယ်။

ပထမဆုံး ဓာတ်ပုံ ၃ပုံမှာ ထုတ်ကုန်ကို အနီးကပ်ရိုက်ကူးထားပြီး display ရဲ့လုပ်ဆောင်ချက်တွေကို ပြသထားပါတယ်။ ၂၀၀၄ခုနှစ်က ထွက်ရှိခဲ့တဲ့ Razr V3 မော်ဒယ်ဒီဇိုင်းကို မှီးပြီး razr ခေါက်စမတ်ဖုန်းကို ဖန်တီးထားတာ တွေ့ရပါတယ်။ ရှေ့ဘက်မှာ မျက်နှာပြင်အသေးစားက သတိပေးချက်တွေနဲ့ အချိန်၊ ရက်စွဲကို ပြသပေးမှာ ဖြစ်ကာ အဓိကကင်မရာအတွက် viewfinder အဖြစ်အသုံးပြုနိုင်ပါတယ်။

အခြားဓာတ်ပုံတွေမှာ ဖုန်းကို ဖြန့်ပြထားပါတယ်။ razr ခေါက်စမတ်ဖုန်းကို အလယ်တည့်တည့်က ခေါက်နိုင်ဖွယ်ရှိပြီး ဖြန့်လိုက်တဲ့အခါ အရွယ်အစားက ၆.၂လက်မရှိပါတယ်။ ဖုန်းရဲ့ မျက်နှာပြင် ထိပ်ဘက်မှာ notch တစ်ခုပါဝင်လာပါတယ်။ မျက်နှာပြင်အောက်ဘက်နားက ဖုန်းရဲ့ chin ကကြီးမားပြီး fingerprint reader ကိုထည့်သွင်းထားဖွယ်ရှိပါတယ်။

Motorola razr ကိုနိုဝင်ဘာလ ၁၃ရက်မှာ မိတ်ဆက်မှာ ဖြစ်ပြီး spec တွေနဲ့ ဈေးနှုန်းကိုတော့ အတည်မပြုနိုင်သေးပါဘူး။

စိုးထက်
Ref: GSMArena