Motorola Moto E7 Plus နဲ့ Moto G9 Plus ပုံတွေ ထွက်လာ

Motorola ဟာ Moto E7 Plus နဲ့ Moto G9 Plus အမည်ရ အလယ်အလတ်တန်းစားဖုန်းသစ် ၂ မျိုးကို မိတ်ဆက်ဖွယ်ရှိပါတယ်။ ဖုန်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ ထွက်ပေါ်ခဲ့ပြီး E7 Plus အပြင် Moto G9 Plus ဗားရှင်း ၂ မျိုး ပုံတွေလည်း ထွက်လာပါတယ်။ အခုဆိုရင် Evan Blas ကလည်း Moto ဖုန်းသစ် ၂ လုံးရဲ့ ဒီဇိုင်းနဲ့ အရောင်တွေကို ထုတ်ဖော်လိုက်ပါတယ်။

Moto E7 Plus မှာ ရေစက်ပုံစံ notch မျက်နှာပြင်နဲ့ 10W အထိအားသွင်းပေးနိုင်တဲ့ 5,000 mAh ပါဝင်လာပါတယ်။ ဒါ့အပြင် Snapdragon 460 chipset နဲ့အတူ RAM 4 GB နဲ့ 64 GB storage တို့ ပါဝင်လာပါတယ်။

ကျောဘက်မှာ fingerprint scanner အပြင် ကင်မရာ၂ လုံးကို စတုရန်းထဲ ထည့်သွင်းထားပါတယ်။ အဓိက sensor က 48 MP ပါဝင်ပေမယ့် ဒုတိယကင်မရာ အကြောင်းတော့ မသိသေးပါဘူး။ ဖုန်းကို အပြာနဲ့ လိမ္မော်ဆိုပြီး ထုတ်လုပ်မှာ ဖြစ်ပြီး Plus ဗားရှင်းလည်း ထွက်ရှိပါမယ်။ G9 Plus ဖုန်းမှာတော့ punch-hole display ပါဝင်ပြီး ကျောဘက်ကင်မရာက 64 MP နဲ့အတူ sensor ၄ ခု ပါဝင်လာပါတယ်။

ဖုန်းရဲ့ညာဘက်မှာ fingerprint sensor နဲ့ အသံခလုတ်၊ ဘယ်ဘက်မှာ Google Assistant ခလုတ်ကိုလည်း ထည့်သွင်းထားပါတယ်။ ဖုန်းမှာ RAM 4 GB နဲ့ storage 128 GB တို့ပါဝင်လာပါတယ်။ ဘက်ထရီကတော့ 4,700 mAh ဖြစ်ပြီး 30 W အားသွင်းစနစ် ပါဝင်လာပါတယ်။ အပြာနဲ့ ကြေးနီတို့နဲ့ ထုတ်လုပ်ပါမယ်။

-စိုးထက်
Ref: GSMArena