Motorola Edge ဓာတ်ပုံတွေ ပေါက်ကြားထွက်ပေါ်

Motorola က မိတ်မဆက်ရသေးတဲ့ Edge စမတ်ဖုန်းဓာတ်ပုံတွေ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ Motorola Edge မှာ မျက်နှာပြင်ကွေး 90Hz display နဲ့ 3.5mm နားကြပ်ပေါက်တို့ ပါဝင်လာပါတယ်။ ဓာတ်ပုံတွေကို XDA-Developers ကဖော်ပြခဲ့ပြီး ဖုန်းရဲ့အသေးစိတ်အချက်အလက်လည်း ထွက်ပေါ်လာပါတယ်။ ဖုန်းမှာ Snapdragon 765 ပရိုဆက်ဆာနဲ့ ဘက်ထရီက 4,500mAh ဖြစ်ပါတယ်။ Edge ဖုန်းနဲ့အတူ Edge Plus ကိုလည်း Motorola ကဖြန့်ချိမယ်လို့ သတင်းထွက်ပေါ်ထားပါတယ်။

လာမယ့်နှစ်အတွင်း Motorola အနေနဲ့ ဘတ်ဂျက်နဲ့ အလယ်အလတ်ဖုန်းတွေ ထုတ်လုပ်ဖို့ ပစ်မှတ်ထားနေပါတယ်။ Motorola က Edge စီးရီးဖုန်းတွေနဲ့အတူ Samsung, Google နဲ့ OnePlus ကို ယှဉ်ပြိုင်ပြီး အဆင့်မြင့်စမတ်ဖုန်းဈေးကွက်ထဲ ဝင်ရောက်ဖို့ရှိပါတယ်။ Edge Plus ဟာ Motorola ရဲ့ စွမ်းဆောင်ရည်မြင့် flagship ဖြစ်တယ်လို့ ကောလာဟလ ထွက်ပေါ်နေပါတယ်။ Edge မှာတော့ hardware အသေးစိတ်ကို လျှော့ချထားပါတယ်။

XDA-Developer ဖော်ပြချက်အရ Qualcomm Snapdragon 765 ပရိုဆက်ဆာကို RAM 6GB နဲ့ ဘက်ထရီ 4,500mAh နဲ့ internal storage 128GB ဖြစ်ပြီး microSD ကတစ်ဆင့် တိုးချဲ့နိုင်ပါတယ်။ ကျောဘက်မှာ ကင်မရာ ၃ လုံး ပါဝင်လာပြီး အဓိက ကင်မရာ 64-megapixel sensor, 16-megapixel wide-angle ကင်မရာ၊ 8-megapixel telephoto ကင်မရာနဲ့ laser autofocus ပါဝင်လာပါတယ်။ ဖုန်းမှာ ကြိုးမဲ့အားသွင်းစနစ် ပါဝင်ဖွယ်မရှိသလို 5G လည်းမပါဝင်နိုင်ပါဘူး။

ရှေ့ဘက်မှာတော့ 25-megapixel ကို hole-punch ထဲထည့်သွင်းထားပုံရပြီး under-display fingerprint sensor တစ်ခု ပါဝင်လာနိုင်ပါတယ်။ Motorola Edge ရဲ့ display မှာ 90Hz ပါဝင်လာနိုင်ကာ 90 ဒါမှမဟုတ် 60Hz အဖြစ် အလိုအလျောက် ပြောင်းပေးနိုင်ပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၆၇ လက်မ 1080p display နဲ့အတူ 19.5:9 aspect ratio ဖြစ်ပါတယ်။

Motorola Ege Plus မှာတော့ စွမ်းဆောင်ရည်မြင့် Snapdragon 865 ပါဝင်လာနိုင်ပြီး ဘက်ထရီ 5,000mAh နဲ့ ရုပ်ထွက်အရည်အသွေးမြင့် 108-megapixel ပါဝင်လာနိုင်ပါတယ်။ အဲဒီသတင်းကတော့ ပြီးခဲ့တဲ့လက ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

စိုးထက်
Ref: TheVerge