Motorola ရဲ႕ ပထမဆံုး Android Go စမတ္ဖုန္း Moto E5 Play

[Zawgyi]

Motorola ဟာ ဒီလအတြင္း ဥေရာပနဲ႔ လက္တင္အေမရိကတို႔မွာ ေရာင္းခ်သြားမယ့္ Android Go စမတ္ဖုန္း Moto E5 Play ကို မိတ္ဆက္လိုက္ပါတယ္။ ဒီ E5 Play စမတ္ဖုန္းသစ္မွာ အေမရိကန္မွာ မိတ္ဆက္ခဲ့တဲ့ E5 Play နဲ႔ ကြဲျပားျခားနားၿပီး အရြယ္ပိုႀကီးတဲ့ မ်က္ႏွာျပင္၊ ပမာဏနည္းပါးတဲ့ RAM နဲ႔ ေသးငယ္တဲ့ ဘက္ထရီတို႔ ပါဝင္လာပါတယ္။

Android Go ဆိုတာကေတာ့ Android Oreo Go ကိုအေျခခံထားၿပီး ေစ်းသက္သာတဲ့ hardware ေပၚမွာ အလုပ္လုပ္ႏိုင္တဲ့ OS ျဖစ္ပါတယ္။ Go app ေတြဟာ ပံုမွန္ဗားရွင္းေတြထက္ ေနရာအနည္းငယ္သာယူတဲ့အတြက္ Android Go စမတ္ဖုန္းေတြမွာ မ်ားျပားတဲ့ သုိေလွာင္မႈပမာဏ မလိုအပ္ပါဘူး။

E5 Play သစ္မွာ software က တစ္ခုတည္းေသာ ကြဲျပားျခားနားတဲ့အခ်က္ မဟုတ္ပါဘူး ဒီဖုန္းမွာ ၅.၃ လက္မ display နဲ႔ 18:9 aspect ratio ပါဝင္ပါတယ္။ ပံုမွန္ E5 Play မွာေတာ့ ၅.၂ လက္မ 720p display နဲ႔ 16:9 aspect ratio ပါဝင္ပါတယ္

RAM ပမာဏကလည္း နည္းပါးပါတယ္။ သတိျပဳရမွာက Android Go မွာ RAM 1GB အထိပဲ ေထာက္ပံ့ဖို႔ ကန္႔သတ္ထားတဲ့အခ်က္ပါ။ ပံုမွန္ E5 Play မွာေတာ့ 2GB RAM ပါဝင္ပါတယ္။

သိုေလွာင္မႈပမာဏကလည္း ကြာျခားပါတယ္။ Android Go စမတ္ဖုန္းေတြမွာ သိုေလွာင္မႈပမာဏ အမ်ားဆံုး 8GB အထိပဲ ပါဝင္ပါတယ္။ ပံုမွန္ E5 Play မွာေတာ့ သိုေလွာင္မႈပမာဏ တိုးျမွင့္ႏိုင္တဲ့ 16GB storage ပါဝင္ပါတယ္။

ဒီဇိုင္းအပါအဝင္ က်န္တဲ့အခ်က္အလက္ေတြကေတာ့ အတူတူပဲျဖစ္ပါတယ္။ ဒါေၾကာင့္ 8MP ေက်ာဘက္ကင္မရာ၊ 5MP အေရွ႕ဘက္ကင္မရာနဲ႔ Motorola လိုဂိုမွာ ထည့္သြင္းထားတဲ့ fingerprint sensor တို႔နဲ႔ အသံုးျပဳႏိုင္မွာျဖစ္ပါတယ္။

တန္ဖိုးက ယူ႐ို ၁၀၉ (၁၂၈ ေဒၚလာ) ျဖစ္ပါတယ္။

Ref: AndroidAuthority

-ေနာင္ေနာင္

[Unicode]

Motorola ဟာ ဒီလအတွင်း ဥရောပနဲ့ လက်တင်အမေရိကတို့မှာ ရောင်းချသွားမယ့် Android Go စမတ်ဖုန်း Moto E5 Play ကို မိတ်ဆက်လိုက်ပါတယ်။ ဒီ E5 Play စမတ်ဖုန်းသစ်မှာ အမေရိကန်မှာ မိတ်ဆက်ခဲ့တဲ့ E5 Play နဲ့ ကွဲပြားခြားနားပြီး အရွယ်ပိုကြီးတဲ့ မျက်နှာပြင်၊ ပမာဏနည်းပါးတဲ့ RAM နဲ့ သေးငယ်တဲ့ ဘက်ထရီတို့ ပါဝင်လာပါတယ်။

Android Go ဆိုတာကတော့ Android Oreo Go ကိုအခြေခံထားပြီး စျေးသက်သာတဲ့ hardware ပေါ်မှာ အလုပ်လုပ်နိုင်တဲ့ OS ဖြစ်ပါတယ်။ Go app တွေဟာ ပုံမှန်ဗားရှင်းတွေထက် နေရာအနည်းငယ်သာယူတဲ့အတွက် Android Go စမတ်ဖုန်းတွေမှာ များပြားတဲ့ သိုလှောင်မှုပမာဏ မလိုအပ်ပါဘူး။

E5 Play သစ်မှာ software က တစ်ခုတည်းသော ကွဲပြားခြားနားတဲ့အချက် မဟုတ်ပါဘူး ဒီဖုန်းမှာ ၅.၃ လက်မ display နဲ့ 18:9 aspect ratio ပါဝင်ပါတယ်။ ပုံမှန် E5 Play နဲမှာတော့ ၅.၂ လက်မ 720p display နဲ့ 16:9 aspect ratio ပါဝင်ပါ

RAM ပမာဏကလည်း နည်းပါးပါတယ်။ သတိပြုရမှာက Android Go မှာ RAM 1GB အထိပဲ ထောက်ပံ့ဖို့ ကန့်သတ်ထားတဲ့အချက်ပါ။ ပုံမှန် E5 Play မှာတော့ 2GB RAM ပါဝင်ပါတယ်။

သိုလှောင်မှုပမာဏကလည်း ကွာခြားပါတယ်။ Android Go စမတ်ဖုန်းတွေမှာ သိုလှောင်မှုပမာဏ အများဆုံး 8GB အထိပဲ ပါဝင်ပါတယ်။ ပုံမှန် E5 Play မှာတော့ သိုလှောင်မှုပမာဏ တိုးမြှင့်နိုင်တဲ့ 16GB storage ပါဝင်ပါတယ်။

ဒီဇိုင်းအပါအဝင် ကျန်တဲ့အချက်အလက်တွေကတော့ အတူတူပဲဖြစ်ပါတယ်။ ဒါကြောင့် 8MP ကျောဘက်ကင်မရာ၊ 5MP အရှေ့ဘက်ကင်မရာနဲ့ Motorola လိုဂိုမှာ ထည့်သွင်းထားတဲ့ fingerprint sensor တို့နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

တန်ဖိုးက ယူရို ၁၀၉ (၁၂၈ ဒေါ်လာ) ဖြစ်ပါတယ်။

Ref: AndroidAuthority

-နောင်နောင်