Motorola ဘတ်ဂျက်ဖုန်း အချက်အလက်တွေ ပေါက်ကြားထွက်ပေါ်

Lenovo ပိုင်ဆိုင်တဲ့ Motorola ဟာ Moto G9 နဲ့ Moto G9 Play တို့ကို မိတ်ဆက်ခဲ့ပြီးနောက် Moto G9 Plus ဘတ်ဂျက်ဖုန်းကို ထပ်မံ မိတ်ဆက်ဖို့ရှိပါတယ်။

Moto G9 Plus အချက်အလက်တွေက Orange Slovakia ရဲ့ဝက်ဘ်ဆိုက်မှာ စာရင်းသွင်းထားတာ တွေ့ရပါတယ်။ ဝက်ဘ်ဆိုက်စာရင်းအရ Moto G9 Plus ကတော့ ဒေါ်လာ ၃၀၀ ကျသင့်ပြီး ကင်မရာ ၄ လုံးအပြင် အဓိက ကင်မရာ 64-megapixel နဲ့ ဘက်ထရီ 5,000mAh ပါဝင်လာပါတယ်။

ဝက်ဘ်ဆိုက်အချက်အလက်အရ Moto G9 Plus မှာ မျက်နှာပြင် ၆.၈၁ လက်မ 1080p display နဲ့ RAM 4GB နဲ့ storage 128GB တို့ပါဝင်ပြီး Android 10 တို့ပါဝင်လာပါတယ်။ Motor G9 Plus ကျောဘက်ကင်မရာ ၄ လုံးက အခြားကင်မရာ ၃ လုံး အချက်အလက်တွေတော့ မပါဝင်လာပါဘူး။ ဖုန်းရှေ့ဘက်မှာ selfie ကင်မရာအတွက် hole-punch notch ကိုအသုံးပြုထားပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««