Motorola ဒုတိယမျိုးဆက် Razr မိတ်ဆက်

ဒီနှစ်အစောပိုင်းမှာ Motorola ဟာ တစ်ခေတ်တစ်ခါက ကျော်ကြားခဲ့တဲ flip ဖုန်း Razr ကို ခေတ်သစ်ခေါက်စမတ်ဖုန်း ဒီဇိုင်းနဲ့ ထုတ်လုပ်ပြီး ဒေါ်လာ ၁၅၀၀ နဲ့ ရောင်းချခဲ့ပါတယ်။ ဒါပေမဲ့ Razr ရဲ့ ပတ္တာအားနည်းချက်၊ ကင်မရာပိုင်းနဲ့ ဘက်ထရီသက်တမ်း တာရှည်မခံတာကြောင့် မအောင်မြင်ခဲ့ပါဘူး။ အခုဆိုရင်တော့ Motorola က ဒုတိယမျိုးဆက် Razr ကိုမိတ်ဆက်လိုက်ပါတယ်။ အခု Razr မှာတော့ 5G ထောက်ပံ့မှုအပြင် ကင်မရာကလည်း ပိုမိုကောင်းမွန်ကာ software ကလည်း အသုံးဝင်လာပါတယ်။

Razr ဖုန်းသစ် ဒီဇိုင်းကတော့ မူလအတိုင်းပါပဲ။ မျက်နှာပြင်က ၆.၂ လက်မအရွယ်ရှိပြီး 21.9:9 ခေါက် display ကို ဖုန်းအတွင်းထဲ ထည့်သွင်းထားပါတယ်။ အပြင်ဘက်မှာ ၂.၇ လက်မ “Quick View” display ရှိပြီး သတိပေးချက်တွေ ဖော်ပြပေးပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁,၃၉၉ ကျသင့်ပါမယ်။

အခြားအပြောင်းအလဲကတော့ မြန်ဆန်တဲ့ Snapdragon 765G အသုံးပြုထားပြီး RAM 8GB နဲ့ storage 256GB ကျသင့်ပါမယ်။ ဘက်ထရီကတော့ 2,800mAh ဖြစ်ပါတယ်။

Razr မော်ဒယ်မှာ fingerprint sensor ကို ကျောဘက်မှာ နေရာချထားပြီး ကင်မရာ ဒီဇိုင်းလည်း ပြောင်းလဲထားပါတယ်။ ရှေ့ကင်မရာကတော့ 20-megapixel ဖြစ်ပြီး ကျောဘက်ကင်မရာကတော့ 48-megapixel ဖြစ်ကာ autofocus time-of-flight sensor နဲ့ optical image stabilization ကို ထည့်သွင်းထားပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««