
ဆိုင်ကယ်ပြုပြင်နည်းဆိုင်ရာတွေကို မြန်မာဘာသာနဲ့ လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ ဆိုင်ကယ်အင်ဂျင် အလုပ်လုပ်ပုံ၊ ဓာတ်ဆီ၊ အောက်တိန်းနဲ့ အရည်အသွေးညံ့ဓာတ်ဆီတွေရဲ့အပြစ်၊ ဆိုင်ကယ်စီးသူတိုင်း သိထားသင့်တဲ့အချက် စတဲ့ ဆိုင်ကယ်နဲ့ပတ်သက်တဲ့ အကြောင်းအရာအစုံကို စာဖြင့် ဖတ်ရှုလေ့လာနိုင်သလို YouTube ဗီဒီယိုတွေအနေနဲ့လည်း App ကနေ တိုက်ရိုက် ကြည့်ရှုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ အွန်လိုင်းအခြေပြု App အမျိုးအစားဖြစ်ပါတယ်။
App ကို Android ver 4.4 နဲ့ အထက်မှာ ထည့်သွင်းအသုံးပြုနိုင်ပြီး Download လုပ်ချင်ရင်တော့ ဒီနေရာမှာ download လုပ်နိုင်ပါတယ်။
-ရဲထွဋ်ဝင်း
»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««