Moto G7 Plus မှာ ၂၇ ဝပ် TurboPower အားသွင်းစနစ် ပါဝင်

[ Zawgyi ]




စိုးထက်
Ref: GSMArena

[ Unicode ]

လွန်ခဲ့တဲ့ရက်အနည်းငယ်က Moto G7 ဓာတ်ပုံနဲ့ အချက်အလက်တွေ ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။ Moto G7 ဖုန်းတွေကို ဖေဖော်ဝါရီလအတွင်းမှာ မိတ်ဆက်နိုင်ပါတယ်။ အခုအခါမှာတော့ ဖုန်းရဲ့ဓာတ်ပုံတွေ ထွက်ရှိလာပြီ ဖြစ်ပါတယ်။

Moto G7 Plus မှာ အားသွင်းမြန်ဆန်တဲ့ ၂၇ ဝပ် TurboPower ထောက်ပံ့မှု ပါဝင်လာပြီး လက်ရှိ Motorola စမတ်ဖုန်းတွေထက် မြန်ဆန်တဲ့ Turbo အားသွင်းဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ feature ဟာ အခြား Moto G7 ဖုန်းတွေမှာ ပါဝင်မလားဆိုတာ မသိရသေးပါဘူး။

Moto G7 Plus မှာ TurboPower charging စနစ်အပြင် ကျောဘက်ကင်မရာ 16MP အတွက် OIS လည်း ပါဝင်လာပါတယ်။ Moto G7 Plus ဖုန်းတွေဟာ အလယ်အလတ်တန်းစားဖုန်းတွေ ဖြစ်ပါတယ်။

Ref: GSMArena