မိုဘိုင္းေငြေပးေခ်မႈစနစ္ျဖင့္ အခြန္ေဆာင္ႏိုင္ရန္စီစဥ္

[Zawgyi]

မိုဘိုင္းေငြေပးေခ်မႈစနစ္ကိုအသံုးျပဳၿပီး အခြန္ေဆာင္ႏိုင္ဖို႔အတြက္၀န္ေဆာင္မႈေပးလိုသူေတြကို အဆိုျပဳ လႊာဖိတ္ေခၚလိုက္ပါတယ္။

ျပည္တြင္းအခြန္မ်ားဦးစီးဌာနကဖိတ္ေခၚထားတာျဖစ္ပါတယ္။ ပုဂၢလိကဘဏ္ေတြမွာ အသံုးျပဳေနတဲ့ ေခတ္မီ ICT နည္းစနစ္ေတြျဖစ္တဲ့ i Banking, Mobile Banking စနစ္မ်ားအသံုးျပဳ၍လည္းေကာင္း၊ မိုဘိုင္းေငြေရးေၾကးေရး၀န္ေဆာင္မႈအဖြဲ႔အစည္းေတြရဲ႕ Mobile Payment စနစ္ေတြအသံုးျပဳ၍ေသာ္ လည္းေကာင္း ေပးေဆာင္ႏိုင္ဖို႔ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္းသိရပါတယ္။ ျပည္တြင္းအခြန္မ်ားဦးစီး ဌာနအေနနဲ႔ အခြန္ထမ္းျပည္သူေတြ ႏိုင္ငံေတာ္သို႔အခြန္ေငြေပးေဆာင္ေနရာမွာ ပိုမိုလြယ္ကူစြာေဆာင္ ရြက္ႏိုင္ေရးအတြက္ မိုဘိုင္းေငြေပးေခ်မႈနဲ႔ အီလက္ထရြန္နစ္ေငြေပးေခ်မႈေတြနဲ႔ေဆာင္ရြက္ႏိုင္ဖို႔ ဖိတ္ ေခၚတာျဖစ္ေၾကာင္းေၾကညာထားပါတယ္။

အခြန္ထမ္းျပည္သူေတြက လစဥ္ထမ္းေဆာင္ရတဲ့ကုန္သြယ္လုပ္ငန္းခြန္၊ အထူးကုန္စည္ခြန္၊ သံုးလ တစ္ႀကိမ္ထမ္းေဆာင္ရတဲ့၀င္ေငြခြန္ေတြကို မိုဘိုင္းေငြေပးေခ်မႈစနစ္ေတြနဲ႔၀န္ေဆာင္မႈေပးလိုတဲ့ဘဏ္ ေတြ၊ မိုဘိုင္းေငြေရးေၾကးေရးအဖြဲ႔အစည္းေတြဆီကို စိတ္ပါ၀င္စားမႈေဖာ္ျပခ်က္ (Expression of Interest-EOI) အဆိုျပဳလႊာေတြေပးပို႔တင္ျပဖို႔ ဖိတ္ေခၚထားတာျဖစ္ပါတယ္။ အဆိုျပဳလႊာေတြကို ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ ေနျပည္ေတာ္သို႔လိပ္မူၿပီး ၾသဂုတ္ ၃၀ ရက္ေနာက္ဆံုးထားေပးပို႔ရမွာ ျဖစ္ေၾကာင္း၊ အေသးစိတ္အခ်က္အလက္ေတြကို သတင္းအခ်က္အလက္ႏွင့္နည္းပညာဌာနခြဲ၊ ျပည္ တြင္းအခြန္မ်ားဦးစီးဌာန သို႔ဆက္သြယ္ေမးျမန္းႏိုင္ေၾကာင္းေၾကညာထားပါတယ္။

-ထြန္းထြန္း

Photo Credit:jooinn

[Unicode]

မိုဘိုင်းငွေပေးချေမှုစနစ်ကိုအသုံးပြုပြီး အခွန်ဆောင်နိုင်ဖို့အတွက်ဝန်ဆောင်မှုပေးလိုသူတွေကို အဆိုပြု လွှာဖိတ်ခေါ်လိုက်ပါတယ်။

ပြည်တွင်းအခွန်များဦးစီးဌာနကဖိတ်ခေါ်ထားတာဖြစ်ပါတယ်။ ပုဂ္ဂလိကဘဏ်တွေမှာ အသုံးပြုနေတဲ့ ခေတ်မီ ICT နည်းစနစ်တွေဖြစ်တဲ့ i Banking, Mobile Banking စနစ်များအသုံးပြု၍လည်းကောင်း၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုအဖွဲ့အစည်းတွေရဲ့ Mobile Payment စနစ်တွေအသုံးပြု၍သော် လည်းကောင်း ပေးဆောင်နိုင်ဖို့ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်။ ပြည်တွင်းအခွန်များဦးစီး ဌာနအနေနဲ့ အခွန်ထမ်းပြည်သူတွေ နိုင်ငံတော်သို့အခွန်ငွေပေးဆောင်နေရာမှာ ပိုမိုလွယ်ကူစွာဆောင် ရွက်နိုင်ရေးအတွက် မိုဘိုင်းငွေပေးချေမှုနဲ့ အီလက်ထရွန်နစ်ငွေပေးချေမှုတွေနဲ့ဆောင်ရွက်နိုင်ဖို့ ဖိတ် ခေါ်တာဖြစ်ကြောင်းကြေညာထားပါတယ်။

အခွန်ထမ်းပြည်သူတွေက လစဉ်ထမ်းဆောင်ရတဲ့ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ သုံးလ တစ်ကြိမ်ထမ်းဆောင်ရတဲ့ဝင်ငွေခွန်တွေကို မိုဘိုင်းငွေပေးချေမှုစနစ်တွေနဲ့ဝန်ဆောင်မှုပေးလိုတဲ့ဘဏ် တွေ၊ မိုဘိုင်းငွေရေးကြေးရေးအဖွဲ့အစည်းတွေဆီကို စိတ်ပါ၀င်စားမှုဖော်ပြချက် (Expression of Interest-EOI) အဆိုပြုလွှာတွေပေးပို့တင်ပြဖို့ ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။ အဆိုပြုလွှာတွေကို ပြည်တွင်းအခွန်များဦးစီးဌာန၊ နေပြည်တော်သို့လိပ်မူပြီး သြဂုတ် ၃၀ ရက်နောက်ဆုံးထားပေးပို့ရမှာ ဖြစ်ကြောင်း၊ အသေးစိတ်အချက်အလက်တွေကို သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲ၊ ပြည် တွင်းအခွန်များဦးစီးဌာန သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းကြေညာထားပါတယ်။

-ထွန်းထွန်း