
[Zawgyi]





 

[Unicode]

Mobile Country Code ( MCC ) နှင့် Mobile Network Code ( MNC ) အတွက်သဘော ထားမှတ်ချက်ပေးနိုင်ဖို့အသိပေးထားပါတယ်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှာ 2600 MHz လှိုင်းနှုန်းစဉ်လိုင်စင်ရရှိတဲ့ Fortune Telecom Co.,Ltd မှ LTE နည်းပညာ နဲ့ Broadband Data Services ဝန်ဆောင်မှုပေးမှာဖြစ်ကြောင်းသိရပါတယ်။ အဲဒီအတွက် သဘောထားမှတ်ချက်ပေးနိုင်မှာဖြစ်ပါတယ်။ ၀န်ဆောင်မှုပေးရာမှာ Authentication အနေနဲ့ အသုံးပြုဖို့ လိုအပ်လျက်နေတဲ့ Mobile Country Code ( MCC ) နဲ့ Mobile Network Code ( MNC ) နံပါတ်တွေကို အသုံးပြုခွင့်ပြုဖို့ လျှောက်ထားလာကြောင်းသိရပါတယ်။

ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနအနေနဲ့ Fortune Telecom Co.,Ltd သို့ MCC – 414 နဲ့ MNC – 22 သတ်မှတ်ပေးရာမှာ ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ နည်းဥပဒေ အခန်း ( ၃ ) ၊ အပိုဒ် ( ၁၂ ) ( စ ) ပါပြဋ္ဌာန်းချက်တွေနဲ့ အညီ စိတ်ပါဝင်စားသူတွေရဲ့သဘောထားကိုပါ ထည့်သွင်းစဉ်းစားနိုင်ဖို့ အတွက် အများပြည်သူသဘောထား တောင်းခံတာဖြစ်ကြောင်း၊ သဘောထားမှတ်ချက်တွေကို ၂၅ – ၅ – ၂၀၁၈ ရက် နောက်ဆုံးထားပြီး ရုံးချိန်အတွင်းပေး ပို့နိုင်ကြောင်းသိရပါတယ်။ [email protected], [email protected] တို့ကို ပေးပို့နိုင်မှာဖြစ်ပါတယ်။