စမတ္ဖုန္းအတြက္ ပထမဆုံး mmWave 5G antenna ေတြကို Qualcomm ထုတ္ေဖာ္ျပသ

[ Zawgyi ]

မိုဘိုင္းထုတ္ကုန္ေတြအေနနဲ႔ 5G ကြန္ရက္ေတြအသုံးျပဳႏိုင္ဖို႔ အစိတ္အပုိင္းမ်ားစြာ လိုအပ္ပါတယ္။ မိုဘိုင္းဖုန္း စံသတ္မွတ္ခ်က္ အသစ္ေတြ၊ modem အသစ္ေတြနဲ႔ တာဝါေတြအတြက္ networking hardware သစ္ေတြလည္း ထြက္ရွိဖို႔ လိုအပ္ပါတယ္။ ဒါေပမဲ့ Qualcomm အေနနဲ႔ QTM052 mmWave antenna အစိတ္အပုိင္းသစ္ေတြကုိ ထုတ္ျပန္မိတ္ဆက္ၿပီး အဓိက အခက္အခဲတစ္ခုကို ေျဖရွင္းခဲ့ပါတယ္။ အဲဒီ အစိတ္အပုိင္းသစ္က မုိဘိုင္းဖုန္းေတြနဲ႔ တြဲဖက္လုပ္ေဆာင္ဖို႔ ျမန္ႏႈန္းျမင့္ ကြန္ရက္လိႈင္းအမ်ိဳးမ်ိဳးကို အေထာက္အပံ့ေပးပါတယ္။

မ်ိဳးဆက္သစ္ 5G millimeter wave (mmWave) လိႈင္းေတြဟာ 4G ထက္ ႀကိမ္ႏႈန္းျမင့္မားၿပီး ျမန္ႏႈန္းျမင့္တဲ့အတြက္ lantency နည္းပါးၿပီး bandwidth ျမင့္မားပါတယ္။

အဲဒီ mmWave နည္းပညာဟာ ျပႆနာမ်ားစြာရွိေနတယ္လို႔ Qualcomm ကုိယ္စားလွယ္ေတြက ေျပာၾကားခဲ့ပါတယ္။ ပထမဆုံး အထင္ရွားဆုံး ျပႆနာက လိႈင္းေတြဟာ ႀကိမ္ႏႈန္းျမင့္မားၿပီး သြားေရာက္ႏိုင္တဲ့ အကြာအေဝးနည္းပါးပါတယ္။ ဒါ့အျပင္ အလြယ္တကူ ပိတ္ပင္ႏိုင္တဲ့အတြက္ antenna ေပၚမွာ လက္တင္ထားလိုက္ရင္ လိႈင္းကို လုံးဝပိတ္ဆုိ႔ထားႏိုင္ပါတယ္။ အတိုခ်ဳပ္ေျပာရရရင္ သုံးစြဲသူက လမ္းေလွ်ာက္ေနခ်ိန္မွာ ထရပ္ကားျဖတ္သန္းသြားရင္ လိႈင္းကို ပိတ္ဆို႔ႏိုင္ေျခရွိပါတယ္။

အဲဒီျပႆနာကို ေက်ာ္လႊားႏိုင္ဖို႔ mmWave antenna ေတြလိုအပ္ပါတယ္။ အဲဒီ အစိတ္အပုိင္းကို စမတ္ဖုန္းထဲ ထည့္သြင္းဖို႔ဆိုတာ မျဖစ္ႏိုင္သေလာက္အေျခအေန ရွိခဲ့ပါတယ္။ Qualcomm အေနနဲ႔ 5G ကြန္ရက္နဲ႔ ကုိက္ညီမယ့္ စမတ္ဖုန္းအတြင္း ထည့္သြင္းႏိုင္တဲ့ antenna တစ္ခုကို ထုတ္လုပ္ခဲ့ပါတယ္။ အဲဒီ antenna မွာ antenna ၄ ခုအထိ ပါဝင္လာပါတယ္။ အဲဒီ antenna အရြယ္အစားက အေၾကြေစ့အရြယ္ရွိၿပီး အနီးဆုံး 5G တာဝါနဲ႔ ခ်ိတ္ဆက္ေပးႏိုင္ပါတယ္။

QTM052 ဟာ ဖုန္းရဲ႕ ေဘးေဘာင္ေတြထဲ ထည့္သြင္းထားႏိုင္ေအာင္ ေသးငယ္ပါတယ္။ Qualcomm ရဲ႕ X50 5G modem ကလည္း antenna ၄ ခုအထိကုိ ေထာက္ပ့ံေပးႏိုင္ပါတယ္။ ဒါ့အျပင္ စုစုေပါင္း antenna ၁၆ ခုအထိ ေထာက္ပ့ံေပးႏိုင္ၿပီး လိႈင္းေတြကုိ မပိတ္ဆို႔ေအာင္ ျပဳလုပ္ေပးႏိုင္ပါတယ္။

QTM052 antenna ေတြပါဝင္တဲ့ ပထမဆုံး ထုတ္ကုန္ေတြဟာ ၂၀၁၉ ခုႏွစ္ အေစာပုိင္းမွာ ထြက္ရွိလာႏိုင္တယ္လို႔ Qualcomm ကေျပာၾကားခဲ့ပါတယ္။

စိုးထက္
Ref: TheVerge/9to5Mac

[ Unicode ]

မိုဘိုင်းထုတ်ကုန်တွေအနေနဲ့ 5G ကွန်ရက်တွေအသုံးပြုနိုင်ဖို့ အစိတ်အပိုင်းများစွာ လိုအပ်ပါတယ်။ မိုဘိုင်းဖုန်း စံသတ်မှတ်ချက် အသစ်တွေ၊ modem အသစ်တွေနဲ့ တာဝါတွေအတွက် networking hardware သစ်တွေလည်း ထွက်ရှိဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ Qualcomm အနေနဲ့ QTM052 mmWave antenna အစိတ်အပိုင်းသစ်တွေကို ထုတ်ပြန်မိတ်ဆက်ပြီး အဓိက အခက်အခဲတစ်ခုကို ဖြေရှင်းခဲ့ပါတယ်။ အဲဒီ အစိတ်အပိုင်းသစ်က မိုဘိုင်းဖုန်းတွေနဲ့ တွဲဖက်လုပ်ဆောင်ဖို့ မြန်နှုန်းမြင့် ကွန်ရက်လှိုင်းအမျိုးမျိုးကို အထောက်အပံ့ပေးပါတယ်။

မျိုးဆက်သစ် 5G millimeter wave (mmWave) လှိုင်းတွေဟာ 4G ထက် ကြိမ်နှုန်းမြင့်မားပြီး မြန်နှုန်းမြင့်တဲ့အတွက် lantency နည်းပါးပြီး bandwidth မြင့်မားပါတယ်။

အဲဒီ mmWave နည်းပညာဟာ ပြဿနာများစွာရှိနေတယ်လို့ Qualcomm ကိုယ်စားလှယ်တွေက ပြောကြားခဲ့ပါတယ်။ ပထမဆုံး အထင်ရှားဆုံး ပြဿနာက လှိုင်းတွေဟာ ကြိမ်နှုန်းမြင့်မားပြီး သွားရောက်နိုင်တဲ့ အကွာအဝေးနည်းပါးပါတယ်။ ဒါ့အပြင် အလွယ်တကူ ပိတ်ပင်နိုင်တဲ့အတွက် antenna ပေါ်မှာ လက်တင်ထားလိုက်ရင် လှိုင်းကို လုံးဝပိတ်ဆို့ထားနိုင်ပါတယ်။ အတိုချုပ်ပြောရရရင် သုံးစွဲသူက လမ်းလျှောက်နေချိန်မှာ ထရပ်ကားဖြတ်သန်းသွားရင် လှိုင်းကို ပိတ်ဆို့နိုင်ခြေရှိပါတယ်။

အဲဒီပြဿနာကို ကျော်လွှားနိုင်ဖို့ mmWave antenna တွေလိုအပ်ပါတယ်။ အဲဒီ အစိတ်အပိုင်းကို စမတ်ဖုန်းထဲ ထည့်သွင်းဖို့ဆိုတာ မဖြစ်နိုင်သလောက်အခြေအနေ ရှိခဲ့ပါတယ်။ Qualcomm အနေနဲ့ 5G ကွန်ရက်နဲ့ ကိုက်ညီမယ့် စမတ်ဖုန်းအတွင်း ထည့်သွင်းနိုင်တဲ့ antenna တစ်ခုကို ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီ antenna မှာ antenna ၄ ခုအထိ ပါဝင်လာပါတယ်။ အဲဒီ antenna အရွယ်အစားက အကြွေစေ့အရွယ်ရှိပြီး အနီးဆုံး 5G တာဝါနဲ့ ချိတ်ဆက်ပေးနိုင်ပါတယ်။

QTM052 ဟာ ဖုန်းရဲ့ ဘေးဘောင်တွေထဲ ထည့်သွင်းထားနိုင်အောင် သေးငယ်ပါတယ်။ Qualcomm ရဲ့ X50 5G modem ကလည်း antenna ၄ ခုအထိကို ထောက်ပ့ံပေးနိုင်ပါတယ်။ ဒါ့အပြင် စုစုပေါင်း antenna ၁၆ ခုအထိ ထောက်ပ့ံပေးနိုင်ပြီး လှိုင်းတွေကို မပိတ်ဆို့အောင် ပြုလုပ်ပေးနိုင်ပါတယ်။

QTM052 antenna တွေပါဝင်တဲ့ ပထမဆုံး ထုတ်ကုန်တွေဟာ ၂၀၁၉ ခုနှစ် အစောပိုင်းမှာ ထွက်ရှိလာနိုင်တယ်လို့ Qualcomm ကပြောကြားခဲ့ပါတယ်။

စိုးထက်
Ref: TheVerge/9to5Mac