ပြည်တွင်းမှာ ကျင်းပပြုလုပ်တဲ့ ရှိုးပွဲလက်မှတ်တွေကို App ကနေ အလွယ်တကူ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဂီတရှိုးပွဲ၊ အားကစားပွဲနှင့် နိုင်ငံတကာ ဖျော်ဖြေပွဲဆိုင်ရာ လက်မှတ်တွေကို အလွယ်တကူ ဝယ်ယူနိုင်မှာဖြစ်ပြီး နေ့စဉ်ကျင်းပလျက်ရှိတဲ့ ပွဲတွေကိုလည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ လက်မှတ်အတွက် ငွေပေးချေမှုကို CB, AYA, KBZ, AGD စတဲ့ ဘဏ်အကောင့်တွေကနေ တိုက်ရိုက်ပေးချေနိုင်မှာဖြစ်သလို VISA, MPU ခရက်ဒစ် ကတ်တွေနဲ့ 2C2P အကောင့်တွေကနေလည်း ပေးချေနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။
-ရဲထွဋ်ဝင်း