mmCERT မွSTOP Ransomware နဲ႔ပတ္သက္ၿပီး ထပ္မံသတိေပး

[ Zawgyi ]

ေမလအတြင္း STOP Ransomware နဲ႔ပတ္သက္ၿပီး mmCERT ကို တိုင္ၾကားမႈ ၃၁ မႈရွိခဲ့ကာ အတိုက္ခိုက္ခံရပါက အျမန္ဆံုး သတင္းေပးပို႔တိုင္ၾကားဖို႔ ျမန္မာႏုိင္ငံကြန္ပ်ဴတာအေရးေပၚ တံု႔ျပန္ေရးအဖြဲ႔ mm-CERT က ေမ ၂၉ ရက္က ထပ္မံသတိေပး ထုတ္ျပန္ထားပါတယ္။

STOP Ransomware နဲ႔ပတ္သက္ၿပီး ေမလအတြင္း တိုင္ၾကားမႈေပါင္း ၃၁ မႈရွိခဲ့ၿပီး တိုက္ခိုက္ခံရတဲ့ ဖိုင္ေတြဟာ .rectot၊ .ferosas၊ .moresa၊ .fordan၊ .guvara၊ .codnat၊ .bufas၊ .forasom၊ .dotmap၊ .sarut၊ .fedasot၊ .djvuu၊ .radman၊ .mogera ဖိုင္အမ်ိဳးအစား တစ္ခုခုသို႔ ေျပာင္းလဲသြားတယ္လို႔ ထုတ္ျပန္ခ်က္မွာ ပါ၀င္ပါတယ္။ လက္ရွိအေျခအေနမွာ STOP Ransomware တိုက္ခိုက္ခံရတဲ့ ကြန္ပ်ဴတာေတြမွာ ဖိုင္ေတြဟာ .mogera ဖိုင္အမ်ိဳးအစားသို႔ ေျပာင္းလဲသြားမွာ ျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာပါရွိပါတယ္။

တိုက္ခိုက္ခံရသူေတြအေနနဲ႔ မိမိတို႔ရဲ႕ဖိုင္ေတြကို ျပန္လည္ရရွိဖို႔အတြက္ [email protected] နဲ႔ [email protected] ေမးလ္မ်ားထံ တိုက္ခိုက္ခံထားရတဲ့ ဖိုင္တစ္ဖိုင္ (.mogera စသျဖင့္၊ Key ဖိုင္ပါဝင္ေသာ Ransom ေငြေတာင္းခံသည့္ဖိုင္တစ္ဖိုင္ (_readme.txt၊) နဲ႔ တိုက္ခိုက္ခံထားရတဲ့ ကြန္ပ်ဴတာရဲ႕ MAC Address ေတြကို attachment အေနနဲ႔ အျမန္ဆုံးေပးပို႔ၾကရန္ ျမန္မာႏုိင္ငံကြန္ပ်ဴတာအေရးေပၚ တံု႔ျပန္ေရးအဖြဲ႕က အသိေပးႏႈိးေဆာ္ထားပါတယ္။

-ေက်ာ္ေဇယ်

[ Unicode ]

မေလအတွင်း STOP Ransomware နဲ့ပတ်သက်ပြီး mmCERT ကို တိုင်ကြားမှု ၃၁ မှုရှိခဲ့ကာ အတိုက်ခိုက် ခံရပါက အမြန်ဆုံး သတင်းပေးပို့တိုင်ကြားဖို့ မြန်မာနိုင်ငံကွန်ပျူတာအရေးပေါ် တုံ့ပြန်ရေးအဖွဲ့ mm-CERT က မေ ၂၉ ရက်က ထပ်မံသတိပေး ထုတ်ပြန်ထားပါတယ်။

STOP Ransomware နဲ့ပတ်သက်ပြီး မေလအတွင်း တိုင်ကြားမှုပေါင်း ၃၁ မှုရှိခဲ့ပြီး တိုက်ခိုက်ခံရတဲ့ ဖိုင်တွေဟာ .rectot၊ .ferosas၊ .moresa၊ .fordan၊ .guvara၊ .codnat၊ .bufas၊ .forasom၊ .dotmap၊ .sarut၊ .fedasot၊ .djvuu၊ .radman၊ .mogera ဖိုင်အမျိုးအစား တစ်ခုခုသို့ ပြောင်းလဲသွားတယ်လို့ ထုတ်ပြန်ချက်မှာ ပါ၀င်ပါတယ်။ လက်ရှိအခြေအနေမှာ STOP Ransomware တိုက်ခိုက်ခံရတဲ့ ကွန်ပျူတာတွေမှာ ဖိုင်တွေဟာ .mogera ဖိုင်အမျိုးအစားသို့ ပြောင်းလဲသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

တိုက်ခိုက်ခံရသူတွေအနေနဲ့ မိမိတို့ရဲ့ဖိုင်တွေကို ပြန်လည်ရရှိဖို့အတွက် [email protected] နဲ့ [email protected] မေးလ်များထံ တိုက်ခိုက်ခံထားရတဲ့ ဖိုင်တစ်ဖိုင် (.mogera စသဖြင့်၊ Key ဖိုင်ပါဝင်သော Ransom ငွေတောင်းခံသည့်ဖိုင်တစ်ဖိုင် (_readme.txt၊) နဲ့ တိုက်ခိုက်ခံထားရတဲ့ ကွန်ပျူတာရဲ့ MAC Address တွေကို attachment အနေနဲ့ အမြန်ဆုံးပေးပို့ကြရန် မြန်မာနိုင်ငံကွန်ပျူတာအရေးပေါ် တုံ့ပြန်ရေးအဖွဲ့က အသိပေးနှိုးဆော်ထားပါတယ်။