Mixxx 2.3 ကို Ubuntu OS တွင်ထည့်သွင်းခြင်း

Mixxx ဆိုတာကတော့ Open-source အမျိုးအစား DJ Mixing software တစ်ခုဖြစ်ပါတယ်။ Mixxx 2.3 ကို Ubuntu OS မှာ ထည့်သွင်းအသုံးပြုမယ်ဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Ubuntu OS မှာ Mixxx 2.3 ကို ထည့်သွင်းဖို့အတွက်ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ပြီးပြီ ဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ် ရမှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင် တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

Mixxx 2.3 ကို Ubuntu မှာထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo add-apt-repository ppa:mixxx/mixxxbetas

sudo apt install mixxx

ဆိုတဲ့ command တွေပဲဖြစ် ပါတယ်။ အဆိုပါအဆင့်ကိုလုပ် ဆောင်ပြီးရင် သက်ဆိုင်ရာ package တွေကိုထည့်သွင်းမှာ ဖြစ်တဲ့အတွက် ခေတ္တစောင့်ဆိုင်း ပေးရပါမယ်။ Package တွေ ကို download လုပ်ယူပြီးပြီဆိုရင် တစ်ခါတည်း ထည့်သွင်းပေးသွား ပါလိမ့်မယ်။ အသုံးမပြုလိုတော့ ဘူးဆိုရင် sudo apt install ppa-purge && sudo ppa-purge ppa:mixxx/mixxxbetas ဆိုတဲ့ command နဲ့ ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။

-သီဟ