Mixer ေပၚမွာပဲ သီးသန္႔ထုတ္လႊင့္မႈျပဳလုပ္မယ့္ Fortnite နာမည္ေက်ာ္ဂိမ္မာ

[ Zawgyi ]

Fortnite နာမည္ေက်ာ္ဂိမ္မာနဲ႔ Twitch ရဲ႕ေရပန္းအစားဆုံးၾကယ္ပြင့္ေတြထဲက တစ္ဦးျဖစ္တဲ့ တုိင္လာနင္ဂ်ာဘယ္ဗင္အေနနဲ႔ Twitch ကုိစြန္႔ခြာၿပီး Mixer ေပၚမွာ သီးသန္႔ ထုတ္လႊင့္မႈျပဳသြားပါမယ္။ အဲဒီသတင္းကုိ twitter ကေန နင္ဂ်ာက အတည္ျပဳခဲ့ပါတယ္။ Mixer ဆိုတာ Microsoft ကပုိင္ဆုိင္တဲ့ streaming ဝန္ေဆာင္မႈျဖစ္ၿပီး ၂၀၁၆ ခုႏွစ္မွာ Beam အမည္နဲ႔ စတင္လႊင့္တင္ခဲ့ၿပီး ၂၀၁၇ ခုႏွစ္မွာေတာ့ အမွတ္တံဆိပ္ကုိ ေျပာင္းလဲခဲ့ပါတယ္။ နင္ဂ်ာအေနနဲ႔ Mixer အတြက္ သီးသန္႔ထုတ္လႊင့္မႈက အေရးပါသူတစ္ဦး ျဖစ္လာပါတယ္။ Mixer က Twitch နဲ႔ YouTube လိုမ်ိဳးၿပိဳင္ဘက္ေတြနဲ႔ ယွဥ္ၿပိ္ဳင္ဖို႔ ႐ုန္းကန္ေနရပါတယ္။

သူ႔အေနနဲ႔ Mixer ရဲ႕အခ်ိန္ျပည့္ထုတ္လႊင့္သူအျဖစ္ ရပ္တည္ဖို႔ အခ်ိန္အေတာ္ၾကာ စဥ္းစားခဲ့ရတယ္လို႔ ဗီဒီယိုတစ္ခုမွာ နင္ဂ်ာကေျပာခဲ့ပါတယ္။

Twitch ရဲ႕ၾကယ္ပြင့္တစ္ဦးအျဖစ္ ကာလရွည္ၾကာရပ္တည္ခဲ့တဲ့ နင္ဂ်ာဟာ Twitch ရဲ႕အေက်ာ္ၾကားဆုံး ပုဂၢိဳလ္ေက်ာ္အျဖစ္ ရပ္တည္ေနဆဲျဖစ္ပါတယ္။ Twitch ရဲ႕ထုတ္ျပန္ခ်က္မွာ နင္ဂ်ာကုိ platform မွာ ႏွစ္အေတာ္ၾကာ ၾကည့္ခဲ့ရတာ ႏွစ္သက္ခဲ့ၿပီး သူ႔မိသားစုနဲ႔ ဂိမ္းအသိုက္အဝန္းအတြက္ ျပဳလုပ္ခဲ့တာေတြအတြက္ ဂုဏ္ယူမိတယ္လို႔ ေျပာခဲ့ပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

Fortnite နာမည်ကျော်ဂိမ်မာနဲ့ Twitch ရဲ့ရေပန်းအစားဆုံးကြယ်ပွင့်တွေထဲက တစ်ဦးဖြစ်တဲ့ တိုင်လာနင်ဂျာဘယ်ဗင်အနေနဲ့ Twitch ကိုစွန့်ခွာပြီး Mixer ပေါ်မှာ သီးသန့် ထုတ်လွှင့်မှုပြုသွားပါမယ်။ အဲဒီသတင်းကို twitter ကနေ နင်ဂျာက အတည်ပြုခဲ့ပါတယ်။ Mixer ဆိုတာ Microsoft ကပိုင်ဆိုင်တဲ့ streaming ဝန်ဆောင်မှုဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ Beam အမည်နဲ့ စတင်လွှင့်တင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ အမှတ်တံဆိပ်ကို ပြောင်းလဲခဲ့ပါတယ်။ နင်ဂျာအနေနဲ့ Mixer အတွက် သီးသန့်ထုတ်လွှင့်မှုက အရေးပါသူတစ်ဦး ဖြစ်လာပါတယ်။ Mixer က Twitch နဲ့ YouTube လိုမျိုးပြိုင်ဘက်တွေနဲ့ ယှဉ်ပြိ်ုင်ဖို့ ရုန်းကန်နေရပါတယ်။

သူ့အနေနဲ့ Mixer ရဲ့အချိန်ပြည့်ထုတ်လွှင့်သူအဖြစ် ရပ်တည်ဖို့ အချိန်အတော်ကြာ စဉ်းစားခဲ့ရတယ်လို့ ဗီဒီယိုတစ်ခုမှာ နင်ဂျာကပြောခဲ့ပါတယ်။

Twitch ရဲ့ကြယ်ပွင့်တစ်ဦးအဖြစ် ကာလရှည်ကြာရပ်တည်ခဲ့တဲ့ နင်ဂျာဟာ Twitch ရဲ့အကျော်ကြားဆုံး ပုဂ္ဂိုလ်ကျော်အဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။ Twitch ရဲ့ထုတ်ပြန်ချက်မှာ နင်ဂျာကို platform မှာ နှစ်အတော်ကြာ ကြည့်ခဲ့ရတာ နှစ်သက်ခဲ့ပြီး သူ့မိသားစုနဲ့ ဂိမ်းအသိုက်အဝန်းအတွက် ပြုလုပ်ခဲ့တာတွေအတွက် ဂုဏ်ယူမိတယ်လို့ ပြောခဲ့ပါတယ်။

Ref: TheVerge