MIUI Screen Recorder ရဲ့ အသံမဖမ်းယူနိုင်သည့် ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ

Xiaomi က MIUI ကို အင်္ဂါရပ်များစွာပါ ၀ င်ပြီး ပိုလန်းတဲ့ UI အဖြစ် ဖန်တီးပေးလေ့ရှိပါတယ်။ Android ရဲ့ တရားဝင်ဗားရှင်းမစတင်မီ system-wide dark mode ကို ထည့်သွင်းပေးခဲ့ပါတယ်။ နောက်တစ်ခုက MIUI 8 နဲ့ဖြန့်ချိခဲ့တဲ့ screen recorder application တစ်ခုပါ။ စမတ်ဖုန်းရဲ့ audio နဲ့ video နှစ်ခုလုံးကို မှတ်တမ်းတင်နိုင်ပါတယ်။ ဒါပေမဲ့ မိမိဖုန်းရဲ့ Screen Recorder က အသံမဖမ်းယူနိုင်တာမျိုး ဖြစ်ခဲ့ရင်တော့ အောက်ပါနည်းလမ်း ၃ ခုနဲ့ စမ်းသပ်ဖြေရှင်းကြည့်နိုင်ဖို့ ရေးသားပေးလိုက်ပါတယ်။

နည်းလမ်း – ၁ – အခြေခံပြဿနာကိုဖြေရှင်းခြင်း

အခြေခံကစပြီး စစ်ဆေးကြည့်ဖို့ လိုအပ်မှာပါ။ အရင်ဆုံး အသံအတိုးအကျယ်ကို စစ်ဆေးကြည့်ပါ။ ဖုန်းမှာ အသံတိုးထားမိတတ်ရင်တော့ အသံဖမ်းတဲ့အခါမှာ အသံမပါတာမျိုး ဖြစ်တတ်ပါတယ်။ မိမိအနေနဲ့ အသံတိုးထားမိရင်တော့ အသံကို ချဲ့ပြီး အသံဖမ်းတာကို ပြန်လုပ်ကြည့်သင့်ပါတယ်။

နောက်တစ်ချက်က နားကြပ် သို့မဟုတ် Bluetooth နားကြပ်တွေ အသုံးပြုကာ Screen record လုပ်တာမျိုး မလုပ်ပါနဲ့။ ဘာလို့လဲဆိုတာ့ Screen record လုပ်တာကို မိုက်ကရိုဖုန်း သို့မဟုတ် စပီကာနဲ့သာ လုပ်ဖို့ ခွင့်ပြုထားတာကြောင့်ဖြစ်ပါတယ်။

နည်းလမ်း – ၂ – Screen REcorder Settings ကို ပြန်လည်ချိန်ညှိကြည့်ပါ

ဖုန်းမှာ pre-installed အနေနဲ့ ကြိုတင်ထည့်သွင်းထားတဲ့ Screen Recorder app ကိုဖွင့်ပါ။ မျက်နှာပြင်ရဲ့ ထိပ်ပိုင်းညာဘက်ထောင့်ရှိ Settings icon ကို ထပ်နှိပ်ပါ။

ပြီးရင်တော့ Soud source ဆိုတဲ့ စာသားကို ထပ်ရှာပြီး နှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ မျက်နှာပြင် အောက်ခြေမှ pop-up menu တစ်ခုပေါ်လာပါမယ်။ အဲဒီမှာ ရွေးချယ်စရာသုံးခုရှိမှာဖြစ်ပါတယ်။ ပထမတစ်ခုက အသံပိတ်ထားတဲ့ Mute ဖြစ်ပါတယ်။ ဒုတိယကတော့ Mic ကိုအသုံးပြုအသံသွင်းမယ်ဆိုတာပါ။ တတိယကတော့ internal sound တွေကိုမှတ်တမ်းတင်မယ့် System အသံတွေပဲဖြစ်ပါတယ်။

မိမိအနေနဲ့ System sound option ကိုရွေးချယ်တဲ့အခါ ဖုန်းထဲမှာ ပြုလုပ်တဲ့ internal sound ကိုသာ မှတ်တမ်းတင်ပါလိမ့်မယ်။ Mic option ကို ရွေးထားမယ်ဆိုရင်တော့ system အသံအပြင် external အသံနှစ်ခုလုံးကို မှတ်တမ်းတင်ပေးမှာပါ။ မိမိအနေနဲ့ ပြင်ပအသံကိုမှတ်တမ်းတင်နေတဲ့အခါမှာ မိမိအတွက် မလိုအပ်တဲ့သီးခြားစနစ် အသံတွေကိုပိတ်ထားပေးဖို့ လိုအပ်ပါတယ်။

နည်းလမ်း – ၃ – OS နှင့် SYSTEM APPS ကို UPDATE လုပ်ကြည့်ပါ

အရင်ဆုံး ဖုန်း Settings ကိုဖွင့်ပြီး About ဖုန်း> System update ကိုသွားပြီး ဖုန်းကို OS update လုပ်ပေးပါ။ ဘာလို့လဲဆိုတော့ update အသစ်တွေမှာ ဖုန်းမှာဖြစ်တတ်တဲ့ ပြဿနာအမှားပြင်ဆင်မှုတွေနဲ့ လုံခြုံရေးပြင်ဆင်မှုဆိုင်ရာတွေ ပါဝင်တဲ့အတွက်ဖြစ်ပါတယ်။

Settings ထဲကို ပြန်သွားပြီး System apps Updater ထဲက pre-installed app ဖြစ်တဲ့ Screen recorder app ကို update လုပ်ပေးပါ။

အခုဖော်ပြပေးခဲ့တဲ့ နည်းလမ်းတွေကို သုံးပြီး မိမိဖုန်းရဲ့ Screen Recorder ပြဿနာကို ဖြေရှင်းကြည့်ဖို့ အကြံပြုလိုက်ပါတယ်။

-ရဲထွဋ်ဝင်း