MIUI Global Beta ပ႐ိုဂရမ္ကုိ Xiaomi အဆုံးသတ္

[ Zawgyi ]

Xiaomi ရဲ႕ကုိယ္ပုိင္ Android skin ျဖစ္တဲ့ MIUI ကုိ ၂၀၁၀ ခုႏွစ္မွာ စတင္မိတ္ဆက္ခဲ့ၿပီး ကုမၸဏီထုတ္ စမတ္ဖုန္းေတြမွာ အသုံးျပဳခဲ့ပါတယ္။ ကုမၸဏီရဲ႕ စမတ္ဖုန္းအားလုံးနီးပါးမွာ Global Beta build ေတြကို ေထာက္ပံ့ထားပါတယ္။

Mi Community ဝက္ဘ္ဆိုက္ေပၚက blog post မွာ Beta build ေတြနဲ႔ပတ္သက္ၿပီး ေဆြးေႏြးမႈေတြ ရွိေနပါတယ္။ ကုမၸဏီရဲ႕အင္ဂ်င္နီယာအဖြဲ႕ဟာ ဒီႏွစ္ ဇြန္လ ၁ ရက္ကစတင္ၿပီး ထုတ္ကုန္အားလုံးအတြက္ global MIUI beta build ေတြကုိ ျဖန္႔ခ်ိဖို႔ ပိတ္သိမ္းသြားမယ္လို႔ Admin အဖြဲ႕ဝင္ Elaine2046 ကေၾကညာခဲ့ပါတယ္။

MIUI ဟာ MIUI Stable နဲ႔ MIUI Beta ဆိုၿပီး ၂ မ်ိဳး ျဖန္ပါတယ္။ Stable ကေတာ့ ထုတ္ကုန္ေတြအတြက္ ေနာက္ဆုံးဗားရွင္းအျဖစ္ အမ်ားျပည္သူဆီ ျဖန္႔ခ်ိတာ ျဖစ္ပါတယ္။ Beta ကေတာ့ အမ်ားျပည္သူဆီ မျဖန္႔ခ်ိခင္ developer ေတြနဲ႔ ပရိသတ္ေတြစမ္းသပ္ႏိုင္ေအာင္ ျဖန္႔ခ်ိေပးတဲ့ ဗားရွင္းတစ္မ်ိဳးျဖစ္ပါတယ္။ Beta မွာ အားနည္းခ်က္ေတြ ပါဝင္သလို Stable ထက္ feature သစ္ေတြ စုံလင္ပါတယ္။

Global Beta သုံးစြဲသူေတြမ်ားစြာဟာ Beta ဗားရွင္းကုိ ေန႔စဥ္ပုံမွန္ သုံးစြဲလာတာကို Mi Community က ေတြ႕လာပါတယ္။ တစ္ခ်ိန္တည္းမွာပဲ MIUI ကို ႏွစ္အနည္းငယ္အတြင္း အသုံးျပဳမႈမ်ားျပားလာၿပီး အမ်ားျပည္သူဆီျဖန္႔ခ်ိဖို႔ ျမင့္မားတဲ့ စစ္ေဆးမႈလုိအပ္လာပါတယ္။ အဲဒီ အေၾကာင္းျပခ်က္ေတြေၾကာင့္ MIUI အင္ဂ်င္နီယာေတြက ဖုန္းေဟာင္းေတြအတြက္ Beta build ထိန္းသိမ္းဖို႔ထက္ ဖုန္းတစ္ဒါဇင္အတြက္ Stable ဗားရွင္းထြက္ရွိမႈကို အာ႐ုံစိုက္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Xiaomi ရဲ့ကိုယ်ပိုင် Android skin ဖြစ်တဲ့ MIUI ကို ၂၀၁၀ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး ကုမ္ပဏီထုတ် စမတ်ဖုန်းတွေမှာ အသုံးပြုခဲ့ပါတယ်။ ကုမ္ပဏီရဲ့ စမတ်ဖုန်းအားလုံးနီးပါးမှာ Global Beta build တွေကို ထောက်ပံ့ထားပါတယ်။

Mi Community ဝက်ဘ်ဆိုက်ပေါ်က blog post မှာ Beta build တွေနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ ရှိနေပါတယ်။ ကုမ္ပဏီရဲ့အင်ဂျင်နီယာအဖွဲ့ဟာ ဒီနှစ် ဇွန်လ ၁ ရက်ကစတင်ပြီး ထုတ်ကုန်အားလုံးအတွက် global MIUI beta build တွေကို ဖြန့်ချိဖို့ ပိတ်သိမ်းသွားမယ်လို့ Admin အဖွဲ့ဝင် Elaine2046 ကကြေညာခဲ့ပါတယ်။

MIUI ဟာ MIUI Stable နဲ့ MIUI Beta ဆိုပြီး ၂ မျိုး ဖြန်ပါတယ်။ Stable ကတော့ ထုတ်ကုန်တွေအတွက် နောက်ဆုံးဗားရှင်းအဖြစ် အများပြည်သူဆီ ဖြန့်ချိတာ ဖြစ်ပါတယ်။ Beta ကတော့ အများပြည်သူဆီ မဖြန့်ချိခင် developer တွေနဲ့ ပရိသတ်တွေစမ်းသပ်နိုင်အောင် ဖြန့်ချိပေးတဲ့ ဗားရှင်းတစ်မျိုးဖြစ်ပါတယ်။ Beta မှာ အားနည်းချက်တွေ ပါဝင်သလို Stable ထက် feature သစ်တွေ စုံလင်ပါတယ်။

Global Beta သုံးစွဲသူတွေများစွာဟာ Beta ဗားရှင်းကို နေ့စဉ်ပုံမှန် သုံးစွဲလာတာကို Mi Community က တွေ့လာပါတယ်။ တစ်ချိန်တည်းမှာပဲ MIUI ကို နှစ်အနည်းငယ်အတွင်း အသုံးပြုမှုများပြားလာပြီး အများပြည်သူဆီဖြန့်ချိဖို့ မြင့်မားတဲ့ စစ်ဆေးမှုလိုအပ်လာပါတယ်။ အဲဒီ အကြောင်းပြချက်တွေကြောင့် MIUI အင်ဂျင်နီယာတွေက ဖုန်းဟောင်းတွေအတွက် Beta build ထိန်းသိမ်းဖို့ထက် ဖုန်းတစ်ဒါဇင်အတွက် Stable ဗားရှင်းထွက်ရှိမှုကို အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

စိုးထက်
Ref: GSMArena