MIUI 12 ကိုတရားဝင်မိတ်ဆက်

Xiaomi ဟာ Mi 10 Youth နဲ့အတူ MIUI 12 ကိုမိတ်ဆက်လိုက်ပါတယ်။ Android 10 အခြခံ MIUI 11 မှာ ရုပ်ထွက်ပိုင်းဆိုင်ရာကို အပြောင်းအလဲလုပ်ထားပြီး animation အသစ်တွေ၊ အဆင့်မြှင့်တင်ထားတဲ့ dark mode , health app အသစ်နဲ့ အဆင့်မြင့် privacy control တွေပါဝင်လာပါတယ်။

       

Xiaomi ဟာ MIUI 12 ရုပ်ထွက်ပိုင်းကို ပြေပြစ်အောင် ဖန်တီးထားပါတယ်။ Xiaomi MIUI 12 မှာ app အသစ် ပါဝင်သလို animation တွေလည်း အရင်ကထက်မြန်ဆန်လာပါတယ်။ Dark Mode 2.0 က wallpaper ကိုအရောင်ထွက်စေပြီး စာဖတ်ရလွယ်ကူကာ မျက်စိညောင်းတာကို လျှော့ချပေးပါတယ်။

အခြားရုပ်ထွက်ပိုင်းတွေထဲမှာ ဖုန်းကို unlock လုပ်လိုက်ရင် ကောင်းကင်ရိုက်ထားတဲ့ အာကာသမြင်ကွင်းကို zoom in လုပ်နိုင်မယ့် live wallpaper တွေပါဝင်လာပါတယ်။ ဒါ့အပြင် always-on display လုပ်ဆောင်ချက်နဲ့ floating window တွေက full-screen ထိပ်ဘက်မှာ app preview ကြည့်ခွင့်ပေးထားပါတယ်။ အခုဆိုရင် Android 10 မှာ gesture navigation ထောက်ပံ့ထားတဲ့အတွက် new quick reply feature ကို အဆင့်မြှင့်တင်ပေးထားပါတယ်။

MIUI 12 အဓိက feature တစ်ခုကတော့ privacy စီမံခန့်ခွဲမှု ဖြစ်ပါတယ်။ သုံးစွဲသူရဲ့ app အသုံးပြုမှု အမူအကျင့်ကို ခြေရာခံပေးပြီး ထိခိုက်နိုင်တဲ့ permission တွေကို ပြသပေးပါမယ်။ Xiaomi ဟာ virtual ID လုံခြုံရေးလုပ်ထုံးလုပ်နည်းသစ်ကို သုံးထားပြီး သံသယရှိတဲ့ app က သုံးစွဲသူဆီက အရေးကြီးအချက်အလက်ရယူမှုကို တားဆီးပေးပါတယ်။

Xiaomi ဟာ accessibility feature သစ်တွေမှာ AI Calling အတွက် ဖုန်းခေါ်ဆိုမှုတွေကို စာနဲ့မှတ်တမ်းတင်တာနဲ့ အကြားအာရုံချို့တဲ့သူတွေအတွက် စကားပြောဆိုမှုကို တုံ့ပြန်နိုင်မယ့် feature တို့ပါဝင်လာပါတယ်။ Mi Health လည်း တရားဝင်ပါဝင်လာပြီး AI algorithm အသစ်တွေနဲ့ လုပ်ဆောင်ချက် အမျိုးမျိုးကို ခြေရာခံနိုင်ပါတယ်။ ဖုန်းကို ခေါင်းအုံးအောက်မှာထားပြီး အိပ်စက်တာကိုလည်း ခြေရာခံပေးပါတယ်။

MIUI 12 ဟာ beta စမ်းသပ်မှုကို ပိတ်သိမ်းပြီး တရုတ်နိုင်ငံက သုံးစွဲသူတွေအတွက် ဖြန့်ချိပေးလိုက်ပါတယ်။ MIUI 12 stable ဗားရှင်းကို တော့ ဇွန်လမှာ ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။ တစ်ကမ္ဘာလုံးအတွက် MIUI 12 ကို ဘယ်အချိန်မှာ ဖြန့်ချိမလဲဆိုတာ မသိသေးပါဘူး။

စိုးထက်
Ref: GSMArena

Viber မှာလည်း အင်တာနက်ဂျာနယ်က သတင်းတွေကို ဖတ်ရှုနိုင်တယ်နော် . . . ဒီ https://vb.me/internetjournalcommunity လင့်ခ်ကနေ ဝင်လိုက်ရုံပဲ. . .