MIUI 10 Global ROM ကို အိႏၵိယမွာ မိတ္ဆက္လိုက္တဲ့ Xiaomi

Xiaomi ဟာ လြန္ခဲ့တဲ့တစ္ပတ္က Mi 8, Mi 8 Explorer Edition, Mi 8 SE နဲ႔ ေနာက္ဆံုးေပၚ MIUI ဗားရွင္းတို႔ကို မိတ္ဆက္ေၾကညာခဲ့ပါတယ္။

အခုအခါမွာေတာ့ အဆိုပါ တ႐ုတ္လူသံုးကုန္အီလက္ထရြန္ကုမၸဏီဟာ MIUI 10 ကို Redmi Y2 နဲ႔အတူ အိႏၵိယမွာ တရားဝင္ျဖန္႔ခ်ိ ခဲ့ပါတယ္။ ဒီ interface သစ္မွာ အျမန္ႏႈန္း၊ ဒီဇိုင္းျပင္ဆင္ထားတဲ့ UI နဲ႔ sound notifcation သစ္ေတြအျပင္ second ကင္မရာမလိုဘဲ bokeh portrait ႐ိုက္ႏိုင္မယ့္ လုပ္ေဆာင္ခ်က္ေတြကို အာ႐ံုစိုက္ဖန္တီးထားပါတယ္။

အခုအခါမွာ UI ဟာ ပိုမိုလြယ္ကူ႐ိုးရွင္းလာသလို tall screen ratio နဲ႔ full-screen display သစ္ေတြအတြက္လည္း အဆင္ေျပေအာင္ ျပဳလုပ္ထားပါတယ္။

စြမ္းေဆာင္ရည္ ပိုမိုေကာင္းမြန္ေစဖို႔အတြက္ AI စနစ္သံုး ေဆာ့ဖ္ဝဲက သံုးစြဲသူရဲ႕ ေန႔စဥ္ app သံုးစြဲမႈေတြကို ေစာင့္ၾကည့္ေပးမွာ ျဖစ္တာေၾကာင့္ app ဖြင့္တာနဲ႔ app ေျပာင္းလဲတာေတြကို လ်င္ျမန္စြာ လုပ္ေဆာင္ႏိုင္ေစမွာ ျဖစ္ပါတယ္။

အသံပိုင္းအေနနဲ႔ MIUI 10 မွာ သဘာဝအသံကို အေျခခံထားတဲ့ notification သစ္ေတြကို ထည့္သြင္းထားပါတယ္။

ေနာက္ဆံုးအေနနဲ႔ MIUI 10 မွာ ေရပန္းစားေနတဲ့ feature သစ္တစ္ခုျဖစ္တဲ့ bokeh portrait mode ကို ထည့္သြင္းထားပါတယ္။ ဒီလုပ္ေဆာင္ခ်က္ဟာ AI algorithm ေၾကာင့္ second ကင္မရာတစ္ခုကို သံုးစရာမလိုဘဲ အလုပ္လုပ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ေက်ာဘက္ကင္မရာ တစ္ခုတည္းပါတဲ့ Xiaomi ဖုန္းအေဟာင္းေတြမွာေတာင္ background ကို ဝါးေအာင္ လုပ္ႏိုင္ေတာ့မွာျဖစ္ပါတယ္။

MIUI 10 ကို ထုတ္ကုန္အေဟာင္း အပါအဝင္ ထုတ္ကုန္အေတာ္မ်ားမ်ားမွာ ျဖန္႔ခ်ိေပးသြားမွာျဖစ္ပါတယ္။ OTA update ကို ဇြန္လလယ္ကစတင္ၿပီး ျဖန္႔ခ်ိေပးသြားမယ္လုိ႔ သိရပါတယ္။

MIUI 10 update ရရိွမယ့္ထုတ္ကုန္စာရင္းက ေအာက္ပါအတုိင္း ျဖစ္ပါတယ္။

ဇြန္လလယ္ကေန ဇြန္လကုန္

Mi 8 (ဗားရွင္းအားလံုး)
Mi Mix 2S
Mi Mix 2
Mi Mix
Mi 6X
Mi 6
Mi 5
Mi Note 2
Redmi S2
Redmi Note 5

ဇူလိုင္လကုန္

Mi Note 3
Mi 5X (Mi A1)
Mi 5c
Mi 5s
Mi 5s Plus
Mi 4
Mi 4c
Mi 4s
Mi Max 2
Mi Max
Redmi 5
Redmi 5A
Redmi 5 Plus
Redmi 4
Redmi 4A
Redmi 4X
Redmi 3S/3X
Redmi Pro
Redmi Note 5A
Redmi Note 4
Redmi Note 4X
Redmi Note 3 (ဗားရွင္းအားလံုး)

-ေနာင္ေနာင္
Ref: GSMArena

[ Unicode ]

Xiaomi ဟာ လွန်ခဲ့တဲ့တစ်ပတ်က Mi 8, Mi 8 Explorer Edition, Mi 8 SE နဲ့ နောက်ဆုံးပေါ် MIUI ဗားရှင်းတို့ကို မိတ်ဆက်ကြေညာခဲ့ပါတယ်။

အခုအခါမှာတော့ အဆိုပါ တရုတ်လူသုံးကုန်အီလက်ထရွန်ကုမ္ပဏီဟာ MIUI 10 ကို Redmi Y2 နဲ့အတူ အိန္ဒိယမှာ တရားဝင်ဖြန့်ချိ ခဲ့ပါတယ်။ ဒီ interface သစ်မှာ အမြန်နှုန်း၊ ဒီဇိုင်းပြင်ဆင်ထားတဲ့ UI နဲ့ sound notifcation သစ်တွေအပြင် second ကင်မရာမလိုဘဲ bokeh portrait ရိုက်နိုင်မယ့် လုပ်ဆောင်ချက်တွေကို အာရုံစိုက်ဖန်တီးထားပါတယ်။

အခုအခါမှာ UI ဟာ ပိုမိုလွယ်ကူရိုးရှင်းလာသလို tall screen ratio နဲ့ full-screen display သစ်တွေအတွက်လည်း အဆင်ပြေအောင် ပြုလုပ်ထားပါတယ်။

စွမ်းဆောင်ရည် ပိုမိုကောင်းမွန်စေဖို့အတွက် AI စနစ်သုံး ဆော့ဖ်ဝဲက သုံးစွဲသူရဲ့ နေ့စဉ် app သုံးစွဲမှုတွေကို စောင့်ကြည့်ပေးမှာ ဖြစ်တာကြောင့် app ဖွင့်တာနဲ့ app ပြောင်းလဲတာတွေကို လျင်မြန်စွာ လုပ်ဆောင်နိုင်စေမှာ ဖြစ်ပါတယ်။

အသံပိုင်းအနေနဲ့ MIUI 10 မှာ သဘာဝအသံကို အခြေခံထားတဲ့ notification သစ်တွေကို ထည့်သွင်းထားပါတယ်။

နောက်ဆုံးအနေနဲ့ MIUI 10 မှာ ရေပန်းစားနေတဲ့ feature သစ်တစ်ခုဖြစ်တဲ့ bokeh portrait mode ကို ထည့်သွင်းထားပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ AI algorithm ကြောင့် second ကင်မရာတစ်ခုကို သုံးစရာမလိုဘဲ အလုပ်လုပ်နိုင်ပါတယ်။ ဒါကြောင့် ကျောဘက်ကင်မရာ တစ်ခုတည်းပါတဲ့ Xiaomi ဖုန်းအဟောင်းတွေမှာတောင် background ကို ဝါးအောင် လုပ်နိုင်တော့မှာဖြစ်ပါတယ်။

MIUI 10 ကို ထုတ်ကုန်အဟောင်း အပါအဝင် ထုတ်ကုန်အတော်များများမှာ ဖြန့်ချိပေးသွားမှာဖြစ်ပါတယ်။ OTA update ကို ဇွန်လလယ်ကစတင်ပြီး ဖြန့်ချိပေးသွားမယ်လို့ သိရပါတယ်။

MIUI 10 update ရရှိမယ့်ထုတ်ကုန်စာရင်းက အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဇွန်လလယ်ကနေ ဇွန်လကုန်

Mi 8 (ဗားရှင်းအားလုံး)
Mi Mix 2S
Mi Mix 2
Mi Mix
Mi 6X
Mi 6
Mi 5
Mi Note 2
Redmi S2
Redmi Note 5

ဇူလိုင်လကုန်

Mi Note 3
Mi 5X (Mi A1)
Mi 5c
Mi 5s
Mi 5s Plus
Mi 4
Mi 4c
Mi 4s
Mi Max 2
Mi Max
Redmi 5
Redmi 5A
Redmi 5 Plus
Redmi 4
Redmi 4A
Redmi 4X
Redmi 3S/3X
Redmi Pro
Redmi Note 5A
Redmi Note 4
Redmi Note 4X
Redmi Note 3 (ဗားရှင်းအားလုံး)

-နောင်နောင်
Ref: GSMArena