MIUI 10 ရရှိမယ့် စမတ်ဖုန်း ၂၈ မျိုးစာရင်းကို Xiaomi အတည်ပြု

[ Zawgyi ]

Xiaomi ဟာ နောက်ဆုံးပေါ် user interface update တွေကို ဖုန်းမော်ဒယ်အဟောင်းတွေ အသုံးပြုနိုင်အောင် ဖြန့်ချိပေးရာမှာ လူသိများထင်ရှားတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အဆိုပါ တရုတ်ကုမ္ပဏီဟာ ဇန်နဝါရီလက သက်တမ်း လေးနှစ်ရှိပြီဖြစ်တဲ့ Redmi 1s အတွက် MIUI 9 ကို ဖြန့်ချိပေးခဲ့သလို အခုအခါမှာလည်း MIUI 10 သစ်နဲ့အတူ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းသွားဖို့ စီစဉ်နေပါတယ်။

တရားဝင် MIUI ဖိုရမ်ပေါ်ကနေ ကြေညာချက်အရ ကုမ္ပဏီရဲ့ နောက်ဆုံးပေါ်ဗားရှင်းဖြစ်တဲ့ MIUI 10 ကို လက်ခံရရှိမယ့် ထုတ်ကုန်တွေထဲမှာ သက်တမ်း သုံးနှစ်ရှိတဲ့ Mi 4c လည်း ပါဝင်လာပါတယ်။

လက်ရှိမှာ Global ROM ကို beta အနေနဲ့ စမ်းသပ်နေပြီး အဲ့ဒီအစီအစဉ်က ဇူလိုင် ၂၄ ရက်မှာ ပြီးဆုံးမှာဖြစ်ပါတယ်။ ဒါပေမဲ့ Xiaomi Mi 8 နဲ့ Xiaomi Mi Mix 2S တို့လို အချို့ flagship တွေမှာ internation OTA update ရရှိတဲ့အကြောင်း notification တွေ စတင်လက်ခံရရှိနေပြီ ဖြစ်ပါတယ်။

MIUI 10 ရရှိမယ့် စမတ်ဖုန်းစာရင်း အပြည့်အစုံက အောက်ပါအတိုင်းဖြစ်ပါတယ်။ ဒီတရားဝင်စာရင်းမှာ Redmi 6 စီးရီးတွေ မပါဝင်ပေမယ့် ဒီစမတ်ဖုန်းတွေအတွက် Xiaomi က သီးခြားကြေညာချက်တစ်ခု ထုတ်ပြန်သွားမယ်လို့ မျှော်လင့်ရပါတယ်။

   


   


  


  


   


   


   

Xiaomi Redmi Note 5A • Xiaomi Redmi Note 5A Prime • Xiaomi Redmi 5 • Xiaomi Redmi 5 Plus

-နောင်နောင်
Ref: GSMArena

[ Unicode]

Huawei ဟာ RAM 8GB ပါဝင်တဲ့ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်ဖုန်းဖြစ်တဲ့ Honor 10 GT ကို ထုတ်ဖော်မိတ်ဆက်လိုက်ပါတယ်။

Huawei ဟာ Honor 10 ကို တရုတ်နိုင်ငံမှာ ဧပြီလကဖြန့်ချိခဲ့သလို နိုင်ငံတကာစျေးကွက်ကိုလည်း မေလက ဖြန့်ချိခဲ့ပါတယ်။ Honor 10 ကိုတော့ RAM 4GB နဲ့ 6GB option တွေနဲ့ပဲ ရရှိနိုင်ပါတယ်။

Honor 10 GT မှာတော့ RAM 8GB ပါဝင်လာပေမယ့် အခြား အသေးစိတ်အပိုင်းနဲ့ ဒီဇိုင်းအပြင်အဆင်ကတော့ Honor 10 နဲ့ အတူတူပဲ ဖြစ်ပါတယ်။ Honor 10 GT ရဲ့ မျက်နှာပြင်အရွယ်အစားက ၅.၈ လက်မဖြစ်ပြီး ရုပ်ထွက်အရည်အသွေး 2280x 1080 LCD display ပါဝင်သလို home ခလုတ်မှာ fingerprint sensor ထည့်သွင်းထားပါတယ်။ ဒါ့အပြင် notch မှာ ရှေ့ဘက်ကင်မရာ 24-megapixel selfie sensor ထည့်သွင်းထားပြီး edge-to-edge display အသုံးပြုထားပါတယ်။

Honor 10 GT မှာ Kirin 970 ပရိုဆက်ဆာနဲ့ ဘက်ထရီ 3,400 mAh ကို အသုံးပြုထားပါတယ်။ ကျောဘက်မှာတော့ 16-megapixel နဲ့ 24-megapixel နှစ်ခုပါဝင်တဲ့ dual ကင်မရာအသုံးပြုထားပါတယ်။ ဒါ့အပြင် 3.5mm နားကြပ်ပေါက်နဲ့ USB Type-C port တွေ ပါဝင်လာပါတယ်။

Honor 10 GT ကို ဇူလိုင်လ ၂၄ ရက်ကစပြီး တရုတ်နိုင်ငံမှာဖြန့်ချိဖို့ စီစဉ်ထားပါတယ်။ Honor 10 GT ရဲ့တရားဝင်ဈေးနှုန်းကို မထုတ်ပြန်သေးပေမယ့် ယွမ် ၂,၅၉၉ (ဒေါ်လာ ၃၉၁.၄၂) ကျသင့်နိုင်တယ်လို့ သိရပါတယ်။

  

Xiaomi Mi 8 • Xiaomi Mi 8 SE • Xiaomi Mi Mix 2S • Xiaomi Mi Mix 2

  

Xiaomi Mi Mix • Xiaomi Mi 6X • Xiaomi Mi 6 • Xiaomi Mi 5

   

Xiaomi Mi Note 2 • Xiaomi Redmi Note 5 • Xiaomi Redmi S2/Y2 • Xiaomi Redmi Note 4X

  

Xiaomi Redmi 5A • Xiaomi Redmi 5s • Xiaomi Mi 5s Plus • Xiaomi Mi Note 3

 

Xiaomi Mi Max • Xiaomi Mi Max 2 • Xiaomi Mi 5X • Xiaomi Mi Max Prime

  

Xiaomi Mi 5c • Xiaomi Mi 4s • Xiaomi Mi 4c • Xiaomi Redmi 4X

  

Xiaomi Redmi Note 5A • Xiaomi Redmi Note 5A Prime • Xiaomi Redmi 5 • Xiaomi Redmi 5 Plu

စိုးထက်
Ref: TheVerge