MIUI 10 ကို ေမ ၃၁ ရက္တြင္ မိတ္ဆက္မည္

[ Zawgyi ]

Xiaomi ဟာ Mi 8 လို႔ေခၚတဲ့ flagship စမတ္ဖုန္းသစ္ကို ေမ ၃၁ ရက္မွာ ပြဲထုတ္မိတ္ဆက္မယ္လို႔ Weibo ကေန မေန႔က ေၾကညာခဲ့ပါတယ္။ ဒီကေန႔မွာလည္း Mi user interface ရဲ႕ account က ဓာတ္ပံုတစ္ပံုကို တင္ခဲ့ၿပီး ရွန္က်န္းမွာက်င္းပမယ့္ ပြဲမွာ MIUI 10 ကိုလည္း မိတ္ဆက္သြားမယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

အဲ့ဒီဓာတ္ပံုမွာပါဝင္တဲ့ အဂၤလိပ္ဂဏန္း 10 ရဲ႕ေအာက္မွာ “ကၽြန္ေတာ္က MIUI 10 ပါ။ ကၽြန္ေတာ္က အလင္းထက္ပိုျမန္ပါတယ္” လို႔ ေရးသားထားသလို ျဖန္႔ခ်ိမယ့္ အခ်ိန္နဲ႔ တည္ေနရာကိုပါ ေဖာ္ျပထားပါတယ္။ ဒါဟာ မေန႔ကထြက္ေပၚလာတဲ့ Mi 8 ပိုစတာမွာ ေရးသားထားတဲ့ “ကၽြန္ေတာ္က Mi 8 ပါ။ ကၽြန္ေတာ္က အျမန္ဆံုးျဖစ္ပါတယ္” ဆိုတဲ့ စာသားနဲ႔ တူညီေနပါတယ္။ ဒါေၾကာင့္ Mi 8 မွာ user interface သစ္ တစ္ပါတည္း ပါဝင္လာမယ္လို႔ ယူဆရပါတယ္။

MIUI 10 ရဲ႕ အေသးစိတ္နဲ႔ feature သစ္ေတြကို မထုတ္ျပန္ေသးေပမယ့္ Android Oreo ေပၚမွာ အေျခခံထားဖြယ္ရိွတယ္လို႔ သိရပါတယ္။

-ေနာင္ေနာင္
Ref: GSMArena

========

[ Unicode ]

MIUI 10 ကို မေ ၃၁ ရက်တွင် မိတ်ဆက်မည်

========

Xiaomi ဟာ Mi 8 လို့ခေါ်တဲ့ flagship စမတ်ဖုန်းသစ်ကို မေ ၃၁ ရက်မှာ ပွဲထုတ်မိတ်ဆက်မယ်လို့ Weibo ကနေ မနေ့က ကြေညာခဲ့ပါတယ်။ ဒီကနေ့မှာလည်း Mi user interface ရဲ့ account က ဓာတ်ပုံတစ်ပုံကို တင်ခဲ့ပြီး ရှန်ကျန်းမှာကျင်းပမယ့် ပွဲမှာ MIUI 10 ကိုလည်း မိတ်ဆက်သွားမယ်လို့ ဖော်ပြခဲ့ပါတယ်။

အဲ့ဒီဓာတ်ပုံမှာပါဝင်တဲ့ အင်္ဂလိပ်ဂဏန်း 10 ရဲ့အောက်မှာ “ကျွန်တော်က MIUI 10 ပါ။ ကျွန်တော်က အလင်းထက်ပိုမြန်ပါတယ်” လို့ ရေးသားထားသလို ဖြန့်ချိမယ့် အချိန်နဲ့ တည်နေရာကိုပါ ဖော်ပြထားပါတယ်။ ဒါဟာ မနေ့ကထွက်ပေါ်လာတဲ့ Mi 8 ပိုစတာမှာ ရေးသားထားတဲ့ “ကျွန်တော်က Mi 8 ပါ။ ကျွန်တော်က အမြန်ဆုံးဖြစ်ပါတယ်” ဆိုတဲ့ စာသားနဲ့ တူညီနေပါတယ်။ ဒါကြောင့် Mi 8 မှာ user interface သစ် တစ်ပါတည်း ပါဝင်လာမယ်လို့ ယူဆရပါတယ်။

MIUI 10 ရဲ့ အသေးစိတ်နဲ့ feature သစ်တွေကို မထုတ်ပြန်သေးပေမယ့် Android Oreo ပေါ်မှာ အခြေခံထားဖွယ်ရှိတယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena