MIUI ဖုန္းေတြမွာ Built in App ေတြကို Root မလုပ္ဘဲ Delete/Disable ဘယ္လိုလုပ္မလဲ

[ Zawgyi ]

Android ဖုန္းသုံးစြဲသူေတြ ၾကားထဲမွာ အေမးမ်ားတဲ့ ေမးခြန္းတစ္ခုျဖစ္တဲ့ ဖုန္းမွာ Built-in ပါလာတဲ့ App ေတြျဖစ္တဲ့ bloatware ေတြကို ဘယ္လိုဖယ္ရွားမလဲဆိုတာ ျဖစ္ပါတယ္။ မသုံးျဖစ္တဲ့ App ေတြကို ဖုန္းထဲကေန ဖယ္လိုက္မယ္ဆိုရင္ေတာ့ ဖုန္းမွာ memory ေနရာပိုလြတ္သြားမွာ ျဖစ္ပါတယ္။ ခုေတာ့ MIUI စနစ္သုံး ဖုန္းေတြမွာ ဖုန္းကို Root လုပ္ထားစရာ မလိုဘဲ ကိုယ့္အတြက္ မလိုအပ္တဲ့ Google ဆားဗစ္ App ေတြကို အလြယ္တကူ ဖယ္ရွားႏုိင္ပါတယ္။

MIUI ဖုန္းေတြမွာ မ်ားျပားစြာ ပါ၀င္တတ္တဲ့ Google ဆားဗစ္ App ကို ဖယ္ရွားဖို႔အတြက္ အရင္ဆုံးဖုန္းထဲက PlayStore ကိုဖြင့္လိုက္ပါ။

ဖုန္းျမင္ကြင္းရဲ႕ ဘယ္ဘက္ အေပၚေထာင့္နားက menu icon ကို တစ္ခ်က္ႏွိပ္လိုက္ပါ။ ၿပီးရင္ ေတာ့ “Help & feedback” ဆိုတဲ့ စာသားကိုရွာၿပီး ႏွိပ္ပါ။ အဲလို ႏွိပ္လိုက္ရင္ေတာ့ Help စာမ်က္ႏွာေပၚလာမွာျဖစ္ၿပီး “BROWSE All ARTICLES” ဆိုတဲ့ စာသားကို ထပ္ႏွိပ္ေပးပါ။ ၿပီးရင္ေတာ့ “Delete or disable apps on Android” ဆိုတဲ့စာသားကို ရွာၿပီးထပ္ႏွိပ္ေပးပါ။

အဲဒါဆိုရင္ေတာ့ ေအာက္ေဖာ္ျပပါပုံအတုိင္း ေပၚလာမွာျဖစ္ၿပီး Delete Android apps you installed ဆိုတဲ့ စာသားေအာက္နားက အျပာေရာင္စာသား “Tap to go to Application Settings” ဆိုတဲ့စာသားကို ႏွိပ္လိုက္ပါ။

အဲလိုႏွိပ္လိုက္ရင္ေတာ့ All apps ဆိုၿပီး ဖုန္းထဲမွာ ထည့္သြင္းထားတဲ့ App ေတြေပၚလာမွာ ျဖစ္ပါတယ္။

အဲဒီထဲကမွ မိမိအေနနဲ႔ delete/disable လုပ္ခ်င္တဲ့ App ကုိ ေရြးခ်ယ္ေပးလိုက္ပါ။ Duo ဆိုတဲ့ app ကို ေရြးခ်ယ္ျပထားပါတယ္။ အဲလိုေရြးခ်ယ္လိုက္ရင္ Duo app ကို Disable လုပ္မွာလား Force stop လုပ္မွာလားဆိုတာကုိ ေတြ႕ရမွာ ျဖစ္ပါတယ္။

“Disable” ဆိုတာကို ႏွိပ္လိုက္ရင္ေတာ့ App ကို ဖုန္းထဲကေန Disable လုပ္လိုက္မွာျဖစ္ပါတယ္။ အဲလို Disable လုပ္လိုက္ရင္ေတာ့ ဖုန္းရဲ႕ Homescreen ေပၚမွာပါ App ကို ျမင္ေတြ႕ရေတာ့မွာ မဟုတ္ပါဘူး။

ဒီနည္းက ဖုန္းထဲက App မန္ေနဂ်ာစနစ္ထဲကေန App ေတြကို Disable လုပ္တာ၊ Force stop လုပ္တဲ့ပုံစံနဲ႔ အလားသ႑ာန္တူေပမယ့္ ဖုန္းရဲ႕ App မန္ေနဂ်ာကေန Disable လုပ္ရင္ေတာ့ ဖုန္းထဲမွာ App က ရွိေနဦးမွာျဖစ္ပါတယ္။ ခုေဖာ္ျပတဲ့နည္းလမ္းနဲ႔ဆိုရင္ေတာ့ MIUI ဖုန္းေတြမွာ ဖုန္းရဲ႕ Homescreen ေပၚက ေနပါ App ကို ဖယ္ရွားေပးလိုက္မွာ ျဖစ္ပါတယ္။

[ Unicode ]

Android ဖုန်းသုံးစွဲသူတွေ ကြားထဲမှာ အမေးများတဲ့ မေးခွန်းတစ်ခုဖြစ်တဲ့ ဖုန်းမှာ Built-in ပါလာတဲ့ App တွေဖြစ်တဲ့ bloatware တွေကို ဘယ်လိုဖယ်ရှားမလဲဆိုတာ ဖြစ်ပါတယ်။ မသုံးဖြစ်တဲ့ App တွေကို ဖုန်းထဲကနေ ဖယ်လိုက်မယ်ဆိုရင်တော့ ဖုန်းမှာ memory နေရာပိုလွတ်သွားမှာ ဖြစ်ပါတယ်။ ခုတော့ MIUI စနစ်သုံး ဖုန်းတွေမှာ ဖုန်းကို Root လုပ်ထားစရာ မလိုဘဲ ကိုယ့်အတွက် မလိုအပ်တဲ့ Google ဆားဗစ် App တွေကို အလွယ်တကူ ဖယ်ရှားနိုင်ပါတယ်။

MIUI ဖုန်းတွေမှာ များပြားစွာ ပါ၀င်တတ်တဲ့ Google ဆားဗစ် App ကို ဖယ်ရှားဖို့အတွက် အရင်ဆုံးဖုန်းထဲက PlayStore ကိုဖွင့်လိုက်ပါ။

ဖုန်းမြင်ကွင်းရဲ့ ဘယ်ဘက် အပေါ်ထောင့်နားက menu icon ကို တစ်ချက်နှိပ်လိုက်ပါ။ ပြီးရင် တော့ “Help & feedback” ဆိုတဲ့ စာသားကိုရှာပြီး နှိပ်ပါ။ အဲလို နှိပ်လိုက်ရင်တော့ Help စာမျက်နှာပေါ်လာမှာဖြစ်ပြီး “BROWSE All ARTICLES” ဆိုတဲ့ စာသားကို ထပ်နှိပ်ပေးပါ။ ပြီးရင်တော့ “Delete or disable apps on Android” ဆိုတဲ့စာသားကို ရှာပြီးထပ်နှိပ်ပေးပါ။

အဲဒါဆိုရင်တော့ အောက်ဖော်ပြပါပုံအတိုင်း ပေါ်လာမှာဖြစ်ပြီး Delete Android apps you installed ဆိုတဲ့ စာသားအောက်နားက အပြာရောင်စာသား “Tap to go to Application Settings” ဆိုတဲ့စာသားကို နှိပ်လိုက်ပါ။

အဲလိုနှိပ်လိုက်ရင်တော့ All apps ဆိုပြီး ဖုန်းထဲမှာ ထည့်သွင်းထားတဲ့ App တွေပေါ်လာမှာ ဖြစ်ပါတယ်။

အဲဒီထဲကမှ မိမိအနေနဲ့ delete/disable လုပ်ချင်တဲ့ App ကို ရွေးချယ်ပေးလိုက်ပါ။ Duo ဆိုတဲ့ app ကို ရွေးချယ်ပြထားပါတယ်။ အဲလိုရွေးချယ်လိုက်ရင် Duo app ကို Disable လုပ်မှာလား Force stop လုပ်မှာလားဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။

“Disable” ဆိုတာကို နှိပ်လိုက်ရင်တော့ App ကို ဖုန်းထဲကနေ Disable လုပ်လိုက်မှာဖြစ်ပါတယ်။ အဲလို Disable လုပ်လိုက်ရင်တော့ ဖုန်းရဲ့ Homescreen ပေါ်မှာပါ App ကို မြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။

ဒီနည်းက ဖုန်းထဲက App မန်နေဂျာစနစ်ထဲကနေ App တွေကို Disable လုပ်တာ၊ Force stop လုပ်တဲ့ပုံစံနဲ့ အလားသဏ္ဍာန်တူပေမယ့် ဖုန်းရဲ့ App မန်နေဂျာကနေ Disable လုပ်ရင်တော့ ဖုန်းထဲမှာ App က ရှိနေဦးမှာဖြစ်ပါတယ်။ ခုဖော်ပြတဲ့နည်းလမ်းနဲ့ဆိုရင်တော့ MIUI ဖုန်းတွေမှာ ဖုန်းရဲ့ Homescreen ပေါ်က နေပါ App ကို ဖယ်ရှားပေးလိုက်မှာ ဖြစ်ပါတယ်။