Mirrorless Z7 နဲ႔ Z6 full-frame ကင္မရာေတြကို Nikon မိတ္ဆက္

[ Zawgyi ]

Nikon ဟာ ဓာတ္ပုံ႐ိုက္ဝါသနာရွင္ေတြနဲ႔ ပေရာ္ဖက္ရွင္နယ္ေတြအတြက္ ပစ္မွတ္ထားေရာင္းခ်မယ့္ ကုမၸဏီရဲ႕ ပထမဆုံး full-frame mirrorless ကင္မရာေတြကုိ ထုတ္ေဖာ္ျပသခဲ့ပါတယ္။

Nikon အေနနဲ႔ ေဈးကြက္ထဲမွာ Sony ကုိယွဥ္ၿပိဳင္သြားဖို႔ အဆိုပါ ကင္မရာေတြကုိ မိတ္ဆက္လိုက္တာ ျဖစ္ပါတယ္။

အခုအေျပာင္းအလဲေၾကာင့္ Nikon အေနနဲ႔ အရြယ္မႀကီးတဲ့ ကင္မရာေတြကို ျပဳလုပ္ၿပီး lens အမ်ိဳးအစားသစ္ေတြ ဖန္တီးႏိုင္မယ့္ အခြင့္အလမ္းကုိ ရရွိလာမွာ ျဖစ္ပါတယ္။

ဒါေပမဲ့လည္း အဆိုပါ နည္းပညာမွာ ဘက္ထရီတာရွည္မခံတဲ့ ျပႆနာအပါအဝင္ အားနည္းခ်က္ေတြ ရိွပါတယ္။

အခုအေျပာင္းအလဲဟာ Nikon ကုမၸဏီရဲ႕ အနာဂတ္အေပၚ သက္ေရာက္မႈရွိမယ္လုိ႔ ကင္မရာလုပ္ငန္းကုိ ေလ့လာသုံးသပ္သူေတြက ယုံၾကည္ေနၾကပါတယ္။ လက္ရွိအခ်ိန္မွာ စမတ္ဖုန္းေတြက lens အထိုင္ခ်ထားတဲ့ က်စ္လ်စ္တဲ့ ဒီဂ်စ္တယ္ကင္မရာေတြက႑ကုိ အစားထိုး ဝင္ေရာက္ေနပါတယ္။

ဒါ့အျပင္ mirror အေျခခံ DSLR (digital single-lens reflex) ကင္မရာေတြ ေရာင္းခ်မႈေတြကလည္း အားေပ်ာ႔လာပါတယ္။

“Mirrorless ကင္မရာေတြ အၿပိဳင္အဆုိင္ေရာင္းခ်မႈ ျမင့္တက္လာတာက ကင္မရာလုပ္ငန္း အစိတ္အပုိင္း အတြက္ ယုံၾကည္စိတ္ခ်ရမႈကို ဦးတည္လာမွာျဖစ္ၿပီး သုံးစြဲသူအၾကား အသိအျမင္က်ယ္ျပန္႔လာမွာ ျဖစ္ပါတယ္။ လက္လီဆိုင္ေတြက ေထာက္ပံ့မႈတိုးတက္လာၿပီး ေဈးႏႈန္းသက္သာလာမွာ ျဖစ္သလို စားသုံးသူေတြနဲ႔ ပေရာဖက္ရွင္နယ္ ဓာတ္ပုံဆရာေတြအတြက္ အက်ိဳးေက်းဇူးျဖစ္ထြန္းလာပါမယ္” လို႔ အႀကံေပးကုမၸဏီ Futuresource ရဲ႕ ေလ့လာဆန္းစစ္သူ အာရန္းဂီလ္ကေျပာခဲ့ပါတယ္။

Nikon ကင္မရာသစ္ေတြထဲက တစ္ခုျဖစ္တဲ့ Z7 ဟာ တန္ဖိုးႀကီး ထုတ္ကုန္ျဖစ္ၿပီး ေပါင္ ၃,၅၀၀ ခန္႔ က်သင့္မွာ ျဖစ္ပါတယ္။ Z5 မွာ 45.7 megapixels, 493 focus point ေတြနဲ႔ burst mode နဲ႔ဆိုရင္ တစ္စကၠန္႔ frame ေပါင္း ၉ ခုအထိ ႐ိုက္ကူးႏိုင္ပါတယ္။ Z6 ကေတာ့ ေပါင္ ၂,၁၀၀ ခန္႔က်သင့့္မွာ ျဖစ္ၿပီး 24.5 megapixels, 273 focus points အျပင္ burst mode နဲ႔ 12 fps အထိ ႐ိုက္ကူးႏိုင္ပါတယ္။

ကင္မရာႏွစ္ခုစလုံးမွာ လွည့္ႏိုင္တဲ့ touchscreen ေတြပါဝင္ၿပီး 4K ဗီဒီယိုကို 30fps အထိ ႐ိုက္ကူးႏိုင္ပါတယ္။ ကင္မရာေတြမွာ ပါဝင္တဲ့ touchscreen ကုိ ေခါက္ခ်ိဳးလို႔မရတာေၾကာင့္ တကုိယ္႐ိုက္ကူးေရး လုပ္မယ့္ ဘေလာ့ဂါေတြ အေနနဲ႔ သီးျခား ေမာ္နီတာတစ္ခု လိုအပ္ပါတယ္။

ကင္မရာေတြမွာ storage အတြက္ XQD memory card format ကိုအသုံးျပဳထားပါတယ္။

Nikon ကင္မရာသစ္ေတြက Sony ရဲ႕ A7RIII နဲ႔ A7III နဲ႔ အေတာ္တူပါတယ္။

Nikon ရဲ႕ Z7 ကေတာ့ A7RIII ထက္ ႐ုပ္ထြက္အရည္အေသြးျမင့္မားၿပီး focus point ေတြပုိမ်ားသလို touchscreen လည္း အနည္းငယ္ႀကီးမားပါတယ္။

Z6 ကေတာ့ A7III ထက္ burst mode နဲ႔ ဓာတ္ပုံေတြကုိ အဆက္မျပတ္႐ိုက္ကူးႏိုင္ၿပီး viewfinder ႐ုပ္ထြက္အရည္အေသြး ျမင့္မားပါတယ္။

စိုးထက္
Ref: BBC

[ Unicode ]

Nikon ဟာ ဓာတ်ပုံရိုက်ဝါသနာရှင်တွေနဲ့ ပရော်ဖက်ရှင်နယ်တွေအတွက် ပစ်မှတ်ထားရောင်းချမယ့် ကုမ္ပဏီရဲ့ ပထမဆုံး full-frame mirrorless ကင်မရာတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။

Nikon အနေနဲ့ ဈေးကွက်ထဲမှာ Sony ကိုယှဉ်ပြိုင်သွားဖို့ အဆိုပါ ကင်မရာတွေကို မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။

အခုအပြောင်းအလဲကြောင့် Nikon အနေနဲ့ အရွယ်မကြီးတဲ့ ကင်မရာတွေကို ပြုလုပ်ပြီး lens အမျိုးအစားသစ်တွေ ဖန်တီးနိုင်မယ့် အခွင့်အလမ်းကို ရရှိလာမှာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အဆိုပါ နည်းပညာမှာ ဘက်ထရီတာရှည်မခံတဲ့ ပြဿနာအပါအဝင် အားနည်းချက်တွေ ရှိပါတယ်။

အခုအပြောင်းအလဲဟာ Nikon ကုမ္ပဏီရဲ့ အနာဂတ်အပေါ် သက်ရောက်မှုရှိမယ်လို့ ကင်မရာလုပ်ငန်းကို လေ့လာသုံးသပ်သူတွေက ယုံကြည်နေကြပါတယ်။ လက်ရှိအချိန်မှာ စမတ်ဖုန်းတွေက lens အထိုင်ချထားတဲ့ ကျစ်လျစ်တဲ့ ဒီဂျစ်တယ်ကင်မရာတွေကဏ္ဍကို အစားထိုး ဝင်ရောက်နေပါတယ်။

ဒါ့အပြင် mirror အခြေခံ DSLR (digital single-lens reflex) ကင်မရာတွေ ရောင်းချမှုတွေကလည်း အားပျော့လာပါတယ်။

“Mirrorless ကင်မရာတွေ အပြိုင်အဆိုင်ရောင်းချမှု မြင့်တက်လာတာက ကင်မရာလုပ်ငန်း အစိတ်အပိုင်း အတွက် ယုံကြည်စိတ်ချရမှုကို ဦးတည်လာမှာဖြစ်ပြီး သုံးစွဲသူအကြား အသိအမြင်ကျယ်ပြန့်လာမှာ ဖြစ်ပါတယ်။ လက်လီဆိုင်တွေက ထောက်ပံ့မှုတိုးတက်လာပြီး ဈေးနှုန်းသက်သာလာမှာ ဖြစ်သလို စားသုံးသူတွေနဲ့ ပရောဖက်ရှင်နယ် ဓာတ်ပုံဆရာတွေအတွက် အကျိုးကျေးဇူးဖြစ်ထွန်းလာပါမယ်” လို့ အကြံပေးကုမ္ပဏီ Futuresource ရဲ့ လေ့လာဆန်းစစ်သူ အာရန်းဂီလ်ကပြောခဲ့ပါတယ်။

Nikon ကင်မရာသစ်တွေထဲက တစ်ခုဖြစ်တဲ့ Z7 ဟာ တန်ဖိုးကြီး ထုတ်ကုန်ဖြစ်ပြီး ပေါင် ၃,၅၀၀ ခန့် ကျသင့်မှာ ဖြစ်ပါတယ်။ Z5 မှာ 45.7 megapixels, 493 focus point တွေနဲ့ burst mode နဲ့ဆိုရင် တစ်စက္ကန့် frame ပေါင်း ၉ ခုအထိ ရိုက်ကူးနိုင်ပါတယ်။ Z6 ကတော့ ပေါင် ၂,၁၀၀ ခန့်ကျသင့့်မှာ ဖြစ်ပြီး 24.5 megapixels, 273 focus points အပြင် burst mode နဲ့ 12 fps အထိ ရိုက်ကူးနိုင်ပါတယ်။

ကင်မရာနှစ်ခုစလုံးမှာ လှည့်နိုင်တဲ့ touchscreen တွေပါဝင်ပြီး 4K ဗီဒီယိုကို 30fps အထိ ရိုက်ကူးနိုင်ပါတယ်။ ကင်မရာတွေမှာ ပါဝင်တဲ့ touchscreen ကို ခေါက်ချိုးလို့မရတာကြောင့် တကိုယ်ရိုက်ကူးရေး လုပ်မယ့် ဘလော့ဂါတွေ အနေနဲ့ သီးခြား မော်နီတာတစ်ခု လိုအပ်ပါတယ်။

ကင်မရာတွေမှာ storage အတွက် XQD memory card format ကိုအသုံးပြုထားပါတယ်။

Nikon ကင်မရာသစ်တွေက Sony ရဲ့ A7RIII နဲ့ A7III နဲ့ အတော်တူပါတယ်။

Nikon ရဲ့ Z7 ကတော့ A7RIII ထက် ရုပ်ထွက်အရည်အသွေးမြင့်မားပြီး focus point တွေပိုများသလို touchscreen လည်း အနည်းငယ်ကြီးမားပါတယ်။

Z6 ကတော့ A7III ထက် burst mode နဲ့ ဓာတ်ပုံတွေကို အဆက်မပြတ်ရိုက်ကူးနိုင်ပြီး viewfinder ရုပ်ထွက်အရည်အသွေး မြင့်မားပါတယ်။

စိုးထက်
Ref: BBC