MiniTool Photo Recovery

Recovery.gif

MiniTool Photo Recovery ဆိုတဲ့ ဆော့ဖ်ဝဲကို ကွန်ပျူတာ၊ Digital Camera, SD Card အစရှိတာတွေပေါ်မှ ပျောက်ဆုံးသွားတဲ့ ဓာတ်ပုံတွေကို ရှာဖွေတဲ့အခါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကွန်ပျူတာ Hard Disk အတွင်းမှ ဓာတ်ပုံ တွေကိုသာမက Digital Camera အတွင်းမှ ပျောက်ဆုံးသွားတဲ့ ဓာတ်ပုံတွေနဲ့ အခြားသော Stroage Device တွေမှ ပျောက်ဆုံးသွားတဲ့ ဓာတ်ပုံတွေကိုကွန်ပျူတာနဲ့ချိတ်ဆက်ပြီး ပြန် လည်ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

MiniTool Photo Recovery ဟာ MiniTool Power Recovery အုပ်စုထဲက အခွဲဆော့ဖ်ဝဲတစ်ခုဖြစ်ပြီး ဓာတ်ပုံကိုသာ Recovery ပြုလုပ်ပေးတဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ ဓာတ်ပုံတွေကို ရှာဖွေတဲ့ အခါမှာ အလျင်အမြန်နဲ့ ရှာဖွေပေးနိုင်မှာ ဖြစ်ပြီး၊ File Damage မဖြစ်စေဖို့အတွက်လည်း အကောင်းဆုံး စွမ်းဆောင် ပြုလုပ်ပေးနိုင်တဲ့ ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်ပါတယ်။

MiniTool Photo Recovery မှာ ရှင်းလင်းတဲ့ ဒီဇိုင်းပုံစံကို အသုံးပြုထားပြီး သုံးစွဲသူတွေ အလွယ်တကူနဲ့ အသုံးပြုနိုင်အောင် စီစဉ် ဖန်တီးပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အစီအစဉ်တကျ ပြုလုပ် တတ်စေရန် ပြုလုပ်ပေးထားတဲ့ ဒီဇိုင်းနဲ့ဖြစ်တဲ့အတွက် စတင်သုံးစွဲသူတွေ အနေနဲ့လည်း အလွယ်တကူ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Hard Disk, Mobile Storage Device, SD Card, Flash Memory အစရှိတာတွေကနေ ဓာတ်ပုံတွေ ကိုသာမက၊ ဗီဒီယိုဖိုင်တွေကိုပါ ပြန်လာရှာဖွေ ပေးနိုင်မယ့် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ အခြားသောဖိုင် အမျိုးအစားတွေကို ပြန်လည် ရှာဖွေချင်သူတွေအနေနဲ့ကတော့ MiniTool Power Recovery ဆိုတဲ့ဆော့ဖ်ဝဲအမျိုးအစားကို အသုံးပြုရမှာ ဖြစ်ပါတယ်။

အဆိုပါဆော့ဖ်ဝဲကို Windows XP မှ စတင်ပြီး Windows 8.1 အထိထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အခမဲ့ အသုံးပြုခွင့် ရရှိမှာဖြစ်ပြီး ဖိုင်တွေကို အလျင်အမြန် ရှာဖွေပေးနိုင်မယ့် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။