Mijia အမွတ္တံဆိပ္ စမတ္အဲကြန္းကို Xiaomi မိတ္ဆက္

[Zawgyi]

Xiaomi ဟာ စမတ္အဲကြန္းသစ္တစ္မ်ိဳးကို Mijia အမွတ္တံဆိပ္နဲ႔ မိတ္ဆက္လိုက္ပါတယ္။

Mijia စမတ္အဲကြန္းရဲ႕ အေရွ႕ဘက္မွာ LED display ပါဝင္ပါတယ္။ ကိုယ္ထည္ကို anti-UV ABS polymer နဲ႔ျပဳလုပ္ထားပါတယ္။ အဲ့ဒီ ဒီဇိုင္းဟာ 2017 Good Design မွာ ေရႊဆုရရိွခဲ့တယ္လို႔ Xiaomi က ေျပာပါတယ္။

အဆိုပါ အဲကြန္းမွာ စြမ္းအင္သံုးစြဲမႈသက္သာတဲ့ 1.5HP DC inverter compressor ပါဝင္ပါတယ္။ ဒီအဲကြန္းမွာ built-in 900W electric heater တစ္ခုပါဝင္တာေၾကာင့္ အပူေပးစက္တစ္ခု အေနနဲ႔လည္း သံုးႏိုင္ပါတယ္။ သန္႔ရွင္းၿပီး ေဘးကင္းတဲ့ေလကို ရရိွဖို႔အတြက္ အဲကြန္းအတြင္းမွာ ေရနဲ႔ေဆးေၾကာႏိုင္တဲ့ anti-bacterial fitler တစ္ခုကို ထည့္သြင္းထားပါတယ္။

Mijia စမတ္အဲကြန္းရဲ႕ တန္ဖိုးက ၂,၁၉၉ ယြမ္ (၃၂၄ ေဒၚလာ) ျဖစ္ပါတယ္။

Ref: GizmoChina

-ေနာင္ေနာင္

[Unicode]

Xiaomi ဟာ စမတ်အဲကွန်းသစ်တစ်မျိုးကို Mijia အမှတ်တံဆိပ်နဲ့ မိတ်ဆက်လိုက်ပါတယ်။

Mijia စမတ်အဲကွန်းရဲ့ အရှေ့ဘက်မှာ LED display ပါဝင်ပါတယ်။ ကိုယ်ထည်ကို anti-UV ABS polymer နဲ့ပြုလုပ်ထားပါတယ်။ အဲ့ဒီ ဒီဇိုင်းဟာ 2017 Good Design မှာ ရွှေဆုရရှိခဲ့တယ်လို့ Xiaomi က ပြောပါတယ်။

အဆိုပါ အဲကွန်းမှာ စွမ်းအင်သုံးစွဲမှုသက်သာတဲ့ 1.5HP DC inverter compressor ပါဝင်ပါတယ်။ ဒီအဲကွန်းမှာ built-in 900W electric heater တစ်ခုပါဝင်တာကြောင့် အပူပေးစက်တစ်ခု အနေနဲ့လည်း သုံးနိုင်ပါတယ်။ သန့်ရှင်းပြီး ဘေးကင်းတဲ့လေကို ရရှိဖို့အတွက် အဲကွန်းအတွင်းမှာ ရေနဲ့ဆေးကြောနိုင်တဲ့ anti-bacterial fitler တစ်ခုကို ထည့်သွင်းထားပါတယ်။

Mijia စမတ်အဲကွန်းရဲ့ တန်ဖိုးက ၂,၁၉၉ ယွမ် (၃၂၄ ဒေါ်လာ) ဖြစ်ပါတယ်။

Ref: GizmoChina

-နောင်နောင်