MIH ၏ Broadband အင္တာနက္ဝန္ေဆာင္မႈ ရန္ကုန္တြင္ စတင္ေပးေန

[Zawgyi]

ျမန္မာအင္ေဖာ္ေမးရွင္းဟိုင္းေဝး (MIH) ရဲ႕ Broadband အင္တာနက္ဝန္ေဆာင္မႈ စတင္ေပးေနေၾကာင္းသိရပါတယ္။

100Gbps ကြန္ရက္ေပၚမွာ ၀န္ေဆာင္မႈေပးတာျဖစ္ၿပီး 4 Mbps မွ 1Gbps အထိ အသုံးျပဳႏိုင္မယ္လို႔သိရပါတယ္။ အဲဒီအျပင္ ထပ္ေဆာင္းဝန္ေဆာင္မႈေတြျဖစ္တဲ့ IP VPN (Virtual Private Network) ဝန္ေဆာင္မႈကိုလည္း ရယူႏိုင္မယ္လို႔ဆိုပါတယ္။ လက္ရွိ အဲဒီ အင္တာနက္၀န္ေဆာင္မႈကို ရန္ကုန္ၿမိဳ႕တြင္း ၂၂ ၿမိဳ႕နယ္မွာ စတင္အသုံးျပဳႏိုင္ၿပီး မႏၲေလး၊ ေနျပည္ေတာ္ အစရွိတဲ့ၿမိဳ႕ေတြမွာ ဧရိယာလႊမ္းၿခံဳႏိုင္ဖို႔ေဆာင္ရြက္ေနတယ္လို႔ သိရပါတယ္။

ျမန္မာအင္ေဖာ္ေမးရွင္းဟိုင္းေဝး (MIH) ကို၂၀၁၄ ခုႏွစ္က တည္ေထာင္ထားတာျဖစ္ၿပီး ထိုင္းႏိုင္ငံရဲ႕ Benchachinda အုပ္စုနဲ႔ ဖက္စပ္ျပည္တြင္းကုမၸဏီပါ၀င္တယ္လို႔သိရပါတယ္။ ေကာ္ပိုေရးရွင္းေတြ စီးပြားေရးလုပ္ငန္းေတြနဲ႔ လူေနအိမ္ေတြအတြက္ Broadband အင္တာနက္ ဝန္ေဆာင္မႈေတြ ဆက္သြယ္ေရး ဝန္ေဆာင္မႈေတြကိုေပးေနတယ္လို႔ဆိုပါ တယ္။

-ထြန္းထြန္း

 

[Unicode]

မြန်မာအင်ဖော်မေးရှင်းဟိုင်းဝေး (MIH) ရဲ့ Broadband အင်တာနက်ဝန်ဆောင်မှု စတင်ပေးနေကြောင်းသိရပါတယ်။

100Gbps ကွန်ရက်ပေါ်မှာ ၀န်ဆောင်မှုပေးတာဖြစ်ပြီး 4 Mbps မှ 1Gbps အထိ အသုံးပြုနိုင်မယ်လို့သိရပါတယ်။ အဲဒီအပြင် ထပ်ဆောင်းဝန်ဆောင်မှုတွေဖြစ်တဲ့ IP VPN (Virtual Private Network) ဝန်ဆောင်မှုကိုလည်း ရယူနိုင်မယ်လို့ဆိုပါတယ်။ လက်ရှိ အဲဒီ အင်တာနက်ဝန်ဆောင်မှုကို ရန်ကုန်မြို့တွင်း ၂၂ မြို့နယ်မှာ စတင်အသုံးပြုနိုင်ပြီး မန္တလေး၊ နေပြည်တော် အစရှိတဲ့မြို့တွေမှာ ဧရိယာလွှမ်းခြုံနိုင်ဖို့ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မြန်မာအင်ဖော်မေးရှင်းဟိုင်းဝေး (MIH) ကို၂၀၁၄ ခုနှစ်က တည်ထောင်ထားတာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ Benchachinda အုပ်စုနဲ့ ဖက်စပ်ပြည်တွင်းကုမ္ပဏီပါ၀င်တယ်လို့သိရပါတယ်။ ကော်ပိုရေးရှင်းတွေ စီးပွားရေးလုပ်ငန်းတွေနဲ့ လူနေအိမ်တွေအတွက် Broadband အင်တာနက် ဝန်ဆောင်မှုတွေ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကိုပေးနေတယ်လို့ဆိုပါ တယ်။

-ထွန်းထွန်း