Migrants and Refugees in Education: A Toolkit for Teachers အခမဲ့ အွန်လိုင်းသင်တန်း ဖွင့်မည်

Migrants and Refugees in Education: A Toolkit for Teachers အွန်လိုင်းသင်တန်းကို အခမဲ့ ဖွင့်လှစ်မယ်လို့ ဗြိတိသျှကောင်စီမှ သိရပါတယ်။

အဆိုပါ အခမဲ့ အွန်လိုင်းသင်တန်းဟာ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ဒုက္ခသည်တွေအတွက် ပညာရေးကဏ္ဍအောက်မှာ အလုပ်လုပ်ကိုင်ပေးနေရသူတွေအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။ အကြမ်းဖက်မှုများ၊ ပဋိပက္ခများနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးရမှုများ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကမ္ဘာအနှံ့ရှိလူငယ်များအား ထောက်ပံ့သင်ကြားနည်းတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။ သင်တန်းကို ဧပြီ ၆ ရက်မှာ စတင်မှာဖြစ်ပြီး ဒီနေရာမှာ ကြိုတင် စာရင်းပေးသွင်းတက်ရောက်နိုင်ပါတယ်။

အခမဲ့ အွန်လိုင်းသင်တန်းကို ဗြိတိသျှကောင်စီမြန်မာမှ စီစဉ်ခြင်းမဟုတ်တဲ့အတွက် သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုသူတွေအနေနဲ့ (FAQ) ကို ဒီနေရာမှာ တိုက်ရိုက်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

-သန္တာ