မြန်မာအပါအ၀င်အရှေ့တောင်အာရှဈေးကွက်အတွက် Microsoft က အထွေထွေမန်နေဂျာခန့်အပ်

[Zawgyi]

မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှနိုင်ငံရဲ့ဈေးကွက်တွေအတွက် Microsoft က အထွေထွေ မန်နေဂျာခန့်အပ်လိုက်တယ်လို့သိရပါတယ်။

Sook Hoon Cheah ကို အာရှပစိဖိတ်ဒေသရှိ အရှေ့တောင်အာရှဈေးကွက် အသစ်တွေအတွက် General Manager အဖြစ် ခန့်အပ်ကြောင်း သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ Sook Hoon က Microsoft ဆိုင်ရာနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် ၊ ဘူတန် ၊ ဘရူနိုင်း ၊ ကမ္ဘောဒီးယား ၊ လာအို ၊ မော်ဒိုက်ဗ်စ် ၊ မြန်မာ ၊ နီပေါ နဲ့ သီရိလင်္ကာနိုင်ငံတွေမှာ ပါတနာအဖွဲ့အစည်းတွေ တိုးတက်အောင် လုပ်ဆောင်ရမယ်လို့ဆိုပါတယ်။

“အရှေ့တောင် အာရှဈေးကွက်အသစ်တွေမှာ အသုံးမပြုရသေးတဲ့ အခွင့်အလမ်းတွေ အများကြီးရှိပြီး ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းတွေ ဖြစ်လာဖို့ အတွက် သူတို့ရဲ့ စိတ်အားထက်သန်မှုတွေရှိတဲ့အတွက် ဒီတာဝန်ကို ယူရတဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်၊ ၂၀၂၁ ခုနှစ်မတိုင်ခင် အာရှပစိဖိတ်ဒေသရဲ့ GDP ကို အမေရိကန်ဒေါ်လာ တစ်ထရီလီယံကျော်ထိ တိုးတက်ဖို့ ရည်မှန်းထားတဲ့ ဒစ်ဂျစ်တယ်ပြောင်းလဲမှုနဲ့ အတူ ဒေသတွင်းက ပါတနာ အဖွဲ့အစည်းတွေကို တိုးတက်အောင် လုပ်ဖို့ အလေးထားသွားမှာ ဖြစ်ပါတယ်၊ ပြီးတော့ ကျွန်မရဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေမှာ ရရှိခဲ့တဲ့ အတွေ့အကြုံ တွေက ဒီဈေးကွက်ထဲမှာ စီးပွားရေးကို တိုးတက်အောင်လုပ်ဖို့ အရေးပါမှာ ဖြစ်ပါတယ်” လို့ Sook Hoon က ပြောပါတယ်။

-ထွန်းထွန်း

[Unicode]

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံရဲ့စျေးကွက်တွေအတွက် Microsoft က အထွေထွေ မန်နေဂျာခန့်အပ်လိုက်တယ်လို့သိရပါတယ်။

Sook Hoon Cheah ကို အာရှပစိဖိတ်ဒေသရှိ အရှေ့တောင်အာရှစျေးကွက် အသစ်တွေအတွက် General Manager အဖြစ် ခန့်အပ်ကြောင်း သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ Sook Hoon က Microsoft ဆိုင်ရာနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် ၊ ဘူတန် ၊ ဘရူနိုင်း ၊ ကမ္ဘောဒီးယား ၊ လာအို ၊ မော်ဒိုက်ဗ်စ် ၊ မြန်မာ ၊ နီပေါ နဲ ့သီရိလင်္ကာနိုုင်ငံတွေမှာ ပါတနာအဖွဲ့အစည်းတွေ တိုးတက်အောင် လုပ်ဆောင်ရမယ်လို့ဆိုပါတယ်။

“အရှေ့တောင် အာရှစျေးကွက်အသစ်တွေမှာ အသုံးမပြုရသေးတဲ့ အခွင့်အလမ်းတွေ အများကြီးရှိပြီး ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းတွေ ဖြစ်လာဖို ့အတွက် သူတို့ရဲ့ စိတ်အားထက်သန်မှုတွေရှိတဲ့အတွက် ဒီတာဝန်ကို ယူရတဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်၊ ၂၀၂၁ ခုနှစ်မတိုင်ခင် အာရှပစိဖိတ်ဒေသရဲ့ GDP ကို အမေရိကန်ဒေါ်လာ တစ်ထရီလီယံကျော်ထိ တိုးတက်ဖို့ ရည်မှန်းထားတဲ့ ဒစ်ဂျစ်တယ်ပြောင်းလဲမှုနဲ ့အတူ ဒေသတွင်းက ပါတနာ အဖွဲ့အစည်းတွေကို တိုးတက်အောင် လုပ်ဖို ့အလေးထားသွားမှာ ဖြစ်ပါတယ်၊ ပြီးတော့ ကျွန်မရဲ့ အသေးစားနဲ ့အလတ်စား လုပ်ငန်းတွေမှာ ရရှိခဲ့တဲ့ အတွေ့အကြုံ တွေက ဒီစျေးကွက်ထဲမှာ စီးပွားရေးကို တိုးတက်အောင်လုပ်ဖို ့အရေးပါမှာ ဖြစ်ပါတယ်” လို ့Sook Hoon က ပြောပါတယ်။