Microsoft Xbox Series S ဂိမ်းစက်က အထူး feature များ

Microsoft ကတော့ Xbox Series S ဂိမ်းစက် အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်လိုက်ပါတယ်။

Xbox Series S ဂိမ်းကိုတော့ နိုဝင်ဘာ ၁၀ ရက်မှာ ၂၉၉ ဒေါ်လာနဲ့ ရောင်းချပြီး ရုပ်ထွက်အရည်အသွေး 1440p ပါဝင်လာပါတယ်။ Microsoft က Xbox Series S ဂိမ်းစက်ကတော့ Xbox Series X ထက်ဈေးနှုန်းသက်သာသလို CPU တစ်ခုတည်းကိုပဲ အသုံးပြုထားပါတယ်။ ဒါပေမဲ့ Xbox Series S မှာတော့ 3.6GHz ကိုအသုံးပြုထားပြီး Series X မှာတော့ Zen 2 အခြေခံ 3.8GHz CPU ပါဝင်တယ်။ ဂိမ်းစက် ၂ ခုရဲ့ ကွာခြားချက်ကတော့ GPU လို့ Microsoft Xbox ပရိုဂရမ်စီမံခန့်ခွဲရေး ဒါရိုက်တာ ဂျေဆန်ရော်နယ်က ပြောပါတယ်။

“Xbox Series S ဟာ Xbox One ဂိမ်းစက်ထက် လေးဆ မြန်ဆန်ပြီး 120fps အထိ ထောက်ပံ့ထားတယ်” လို့ Xbox အင်ဂျင်နီယာနဲ့ hardware အကြီးအကဲ လစ်ဇ်ဟမ်ရန်က ပြောခဲ့ပါတယ်။

“Xbox Series X နဲ့ Xbox Series S အကြား ကွာခြားချက်ကတော့ ရုပ်ထွက်အရည်အသွေး ဖြစ်ပါတယ်။ ဝယ်ယူသူတွေနဲ့ စကားပြောကြည့်တော့ ပရိသတ်အများစုက ရုပ်ထွက်အရည်အသွေးထက် framerate ကိုဦးစားပေးတာကြောင့် 4K တီဗီမလိုတဲ့ ဂိမ်းစက်တစ်လုံး တည်ဆောက်လိုပါတယ်” လို့လည်း ပြောပါတယ်။

Microsoft ဟာ Series S မှာတော့ မတူညီတဲ့ GPU အသုံးပြုပြီး ဈေးနှုန်းကို လျှော့ချထားပါတယ်။ Xbox Series S မှာ 1.565GHz နဲ့ 20CUs ပါဝင်ပြီး စွမ်းဆောင်ရည် 4 teraflop ရှိပါတယ်။ Xbox Serie X မှာတော့ 1.825GHz နဲ့ 52CUs ပါဝင်ပြီး 12.15 teraflop စွမ်းဆောင်မှုရှိပါတယ်။ Xbox Series S နဲ့ Series X အကြား ကွာခြားချက် ကြီးမားပေမယ့် Series S ကို TV တွေနဲ့ 1080p ဒါမှမဟုတ် 1440p မော်နီတာနဲ့ ချိတ်ဆက်နိုင်အောင် ပြုလုပ်ထားပါတယ်။

Microsoft ဟာ Xbox Series S ဂိမ်းစက်အတွက် တီဗီပေါ်မှာ 4K အတွေ့အကြုံရအောင် hardware တစ်ခု ထည့်ပေးထားပါတယ်။ Xbox Series S မှာတော့ AMD ရဲ့ နောက်ဆုံးပေါ် RDNA ပါဝင်ပြီး ray tracing, mesh shader နဲ့ rate shading အမျိုးမျိုးအတွက် အဆင့်မြှင့်တင်ပေးထားပါတယ်။

Xbox Series X မှာတော့ GDDR6 memory 10GB 224Gbps ပါဝင်ပြီး Xbox Series X မှာတော့ GDDR6 16GB ပါဝင်လာပါတယ်။ Xbox Series X နဲ့ Xbox Series S အကြားက ကွာခြားမှု အချက်အလက်အသေးစိတ်ကို အောက်မှာ ဖော်ပြပေးထားပါတယ်။

Xbox Series X ဂိမ်းစက်ကိုလည်း နိုဝင်ဘာ ၁၀ ရက်မှာ ရောင်းချသွားမှာ ဖြစ်ပြီး ၄၉၉ ဒေါ်လာ ကျသင့်ပါမယ်။

-စိုးထက်
Ref: CNET

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ  လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««