Microsoft Teams မှာပါဝင်လာမယ့် Walkie Talkie feature

Microsoft ဟာ Slack နဲ့ယှဉ်ပြိုင်နေတဲ့ Microsoft Teams အတွက် Walkie Talkie feature ကို ထည့်သွင်းလိုက်ပါတယ်။ လာမယ့် လအနည်းငယ်အတွင်း တွေ့မြင်နိုင်မယ့် အခု feature ဟာ Wi-Fi ဒါမှမဟုတ် ဆယ်လူလာ ဆက်သွယ်ရေးကတစ်ဆင့် စမတ်ဖုန်းနဲ့ tablet တွေကို walkie-talkie အဖြစ် အသွင်ပြောင်းနိုင်မှာ ဖြစ်ပါတယ်။

Microsoft ဟာ Microsoft Teams ထဲက လမ်းညွှန်ရေး bar အလယ်မှာ feature ကို ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အခု feature ကို သုံးစွဲသူများစွာ ထည့်သွင်းဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အခု feature ကို ကုမ္ပဏီအတွင်းက နေ့စဉ် လုပ်ငန်းဆောင်တာနဲ့ ဖောက်သည်တွေနဲ့ တိုက်ရိုက် တွေ့ဆုံရသူတွေ အတွက် အဓိက ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Microsoft ဟာ သမားရိုးကျ walkie-talkie အသုံးပြုမှုနည်းလမ်းထက် လုံခြုံအောင် ပြုလုပ်ပေးခဲ့ပါတယ်။ “မလုံခြုံတဲ့ကွန်ရက်တွေက analog ထုတ်ကုန်တွေနဲ့ မတူတာက ဖောက်သည်တွေက အခြားသူနဲ့ စကားပြောတာကို နားထောင်စရာ မလိုသလို ပြင်ပလူတွေက ခိုးယူနားထောင်တာကိုလည်း စိုးရိမ်စရာမလိုပါဘူး” လို့ Microsoft ကော်ပိုရိတ်ဒုဥက္ကဋ္ဌ အမ်မာဝီလီယံက ပြောခဲ့ပါတယ်။

စိုးထက်
Ref: CNET