Microsoft Teams က မှားဖျက်မိတဲ့ဖိုင်ကို Recovery လုပ်ခြင်း

Microsoft Teams ဟာ အသုံးဝင်တဲ့ application တစ်ခုဖြစ်ပါတယ်။ Microsoft Teams ကနေ ဝေမျှထားတဲ့ဖိုင်တွေကို မတော်တဆ မှားယွင်းပြီး ဖျက်မိမယ်ဆိုရင် ဖော်ပြထားတဲ့ နည်းလမ်းအတိုင်း ပြန်လည် restore လုပ်နိုင်ပါတယ်။

Microsoft Teams အတွက် အဖွဲ့အသစ်တစ်ခု ဖန်တီးတဲ့အခါတိုင်း နောက်ကွယ်မှာ SharePoint site တစ်ခုကို တည်ဆောက်ပေးထားပါတယ်။ SharePoint site တစ်ခုစီတိုင်းမှာ Document တွေကို သိမ်းဆည်း ဖို့အတွက် library တွေလည်း ပါဝင်နေပါတယ်။ ဒါကြောင့် မှားဖျက်မိတဲ့ဖိုင်တွေကို ပြန်လည်ရယူဖို့အတွက် SharePoint Site ကနေ ပြန်လည်ရယူနိုင်မှာ ဖြစ်ပါတယ်။

Microsoft Teams မှာ SharePoint site ကို ဝင်ဖို့အတွက် Microsoft Teams application ရှိ File tab ကိုနှိပ်ပြီး Share in SharePoint ဆိုတာကို နှိပ်ရပါမယ်။ ပြီးရင် အစက်လေးသုံးစက်နဲ့ menu ကိုနှိပ်ပြီး Open in SharePoint ဆိုတာကို ရွေးချယ်ရပါမယ်။ SharePoint ပွင့်လာပြီဆိုရင် အောက်ဘက်ရှိ Recycle bin ဆိုတာကို ရွေးလိုက်ပါ။ Recycle bin ထဲကိုရောက်ပြီဆိုရင် မှားဖျက်မိတဲ့ဖိုင်ကို select မှတ်ပြီး Restore ပြန်လည်လုပ်ယူနိုင်ပါတယ်။ ဒါဆိုရင် Microsoft Teams မှာ မှားပြီးဖျက်မိတဲ့ဖိုင်တွေကို အလွယ်တကူနဲ့ ပြန်လည်ရယူနိုင်ပါပြီ။

-သီဟ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««