Microsoft Teams ကိုနေ့စဉ်အသုံးပြုမှု ၇၅ သန်းရှိလာ

ပြီးခဲ့တဲ့လ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း Microsoft Teams ကိုနေ့စဉ်သုံးစွဲသူ ၄၄ သန်းရှိတယ်လို့ Microsoft ကထုတ်ပြန်ခဲ့ဖူးပါတယ်။ အခုဆိုရင် သုံးစွဲသူ ၇၀ ရာခိုင်နှုန်းကို ထပ်မံရရှိခဲ့တယ်။ Microsoft စီအီးအို ဆတ်ရာနာဒယ်လာက ရင်းနှီးမြှုပ်နှံသူများ အစည်းအဝေးမှာ နေ့စဉ်သုံးစွဲသူ ၇၅ သန်းကျော် အထိ တိုးမြှင့်လာတယ်လို့ ပြောခဲ့ပါတယ်။

ဒီလအတွင်း တစ်ရက်မှာ အစည်းအဝေးလုပ်သူ သန်း ၂၀၀ ရှိတယ်လို့ Teams သုံးစွဲမှုအချက်အလက်ကို ထုတ်ပြန်ခဲ့ပါတယ်။ ပြိုင်ဘက် Zoom ကလည်း အသေးစိတ် အချက်အလက်ကို ထုတ်ပြန်ထားပါတယ်။ Zoom ကိုအသုံးပြုပြီး အစည်းအဝေးပြုလုပ်သူ သန်း ၃၀၀ ကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ Zoom ကနေ့စဉ်သုံးစွဲသူ အရေအတွက်ကို မကြေညာသေးပါဘူး။ အခုပုံစံအရဆို Microsoft Teams အသုံးပြုမှုက Zoom သုံးစွဲမှုနဲ့ သိပ်ကွာပုံမရပါဘူး။

Teams အသုံးပြုသူ သုံးပုံ-တစ်ပုံက app အတွင်းမှာ ဖိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ကြတယ်လို့ ဆတ်ရာနာဒယ်လာက ပြောခဲ့ပါတယ်။ Teams နဲ့ပေါင်းစပ်ထားတဲ့ app တွေကိုလည်း လုပ်ငန်းပေါင်းများစွာ အသုံးပြုမှု ၃ ဆအထိ မြင့်တက်လာပါတယ်။

Microsoft ရဲ့ Office 365 ကို ငွေကြေးပေးသွင်းအသုံးပြုသူ ၂၅၈ သန်းရှိပြီး Microsoft Teams ကိုလည်း အသုံးပြုနေကြပါတယ်။ Office 365 ကိုအခကြေးငွေပေးသွင်း အသုံးပြုသူတွေ ၃၀ ရာခိုင်နှုန်းက Teams ကို အသုံးပြုနေဖွယ်ရှိပါတယ်။

စိုးထက်
Ref: TheVerge

မိမိဆီကို နောက်ဆုံးရ သတင်းမှန်သမျှ အမြဲပို့ပေးစေချင်ရင် အင်တာနက်ဂျာနယ် Messenger Bot ဖြစ်တဲ့ m.me/internetjournal ကို နှိပ်ထားလိုက်နော် . . .