Microsoft Surface Pro 6

တန်ဖိုး – ကန်ဒေါ်လာ ရ၉၉

အားသာချက်

မြန်ဆန်တဲ့ quad-core processor နဲ့ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တောက်ပပြီး အရောင်အသွေးစိုပြည်မှုရှိတဲ့ Display နဲ့ အသုံးပြုရတာ သက်သောင့် သက်သာရှိတဲ့ ကီးဘုတ်အပြင် ကောင်းမွန်တဲ့ pen ပါထောက်ပံ့ပါ၀င်တာက ဒီ Laptop ရဲ့ အားသာချက်ပါ။

အားနည်းချက်

USB Type-C နဲ့ Thunderbold 3 ပေါက်တွေ မပါ၀င်သလို သူ့မှာပါ၀င်တဲ့ 128GB SSD က အချက်အလက် ကူးပြောင်းမှုတွေမှာ အနည်းငယ် နှေးတယ်လို့ ခံစားရပါတယ်။

သုံးသပ်ချက်

Surface Pro 6 က လူတိုင်းအတွက်တော့ မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ 2-in-1 အမျိုးအစား Laptop အသုံးပြုနေသူတွေ အကြိုက်ဖြစ်တဲ့ သွားလေရာ သယ်သွားနိုင်တဲ့ အလေးချိန်၊ Tablet တစ်လုံးလို Laptop တစ်လုံးလို လိုသလို အသုံးပြုနိုင်တာတွေက ဒီ Laptop ရဲ့ အဓိက အားသာချက်တွေ ဖြစ်သလို Touch Pen ပါ၀င်တာတွေ က သဘောကျစရာ ကောင်းလှပါတယ်။ USB Type-C နဲ့ Thun-derbolt 3 ပေါက်တွေ မပါ၀င်တာကလွဲရင် စွမ်းဆောင်ရည်ကောင်းမွန်တဲ့ ဒီ Laptop က လုပ်ငန်းသုံး အနေနဲ့ရော ဂိမ်းကစားဖို့အတွက်ပါ သင့်တော်မှုရှိတဲ့ Laptop တစ်လုံးလို့ဆိုရမှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

မြင်ကွင်းအကျယ်ကတော့ ၁၂.၃ လက်မရှိပြီး Touchscreen အမျိုးအစားဖြစ်ပါတယ်။ ရုပ်ထွက်အရည်အသွေးကို 2736x1824p အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ 8th Gen Intel Core i5-8250U CPU ကို အသုံးပြုထားပြီး RAM 8GB နဲ့ အချက်အလက်သိုလှောင်နိုင်မှုကတော့ 128 GB SSD ကို တပ်ဆင်ထားပါတယ်။ ဂရပ်ဖစ်ပိုင်းအနေနဲ့ Intel UHD Graphics 620 ထောက်ပံ့ပါ၀င်ပါတယ်။ ၃.၁x၁.၇ လက်မ အရွယ်အစား Touchpad ပါ၀င်ပြီး Webcam ကတော့ 720p အမျိုးအစားဖြစ်ပါတယ်။ WiFi 802.11ac၊ Bluetooth 4.1 ထောက်ပံ့ပါ၀င်ပါတယ်။ USB 3.0 ပေါက်၊ Surface Connect ပေါက် microSD ကတ်ပေါက်နဲ့ နားကြပ်ပေါက် တွေ ပါ၀င်ပါတယ်။ Surface Pen အတွက်ကတော့ ကန်ဒေါ်လာ ၉၉ ထပ်မံကျသင့်မှာဖြစ်ပါတယ်။

မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ပြီး အင်တာနက် အသုံးပြုမှုကို ဘက်ထရီနဲ့ ၉ နာရီနဲ့ ၂ဝ မိနစ် ဝန်းကျင်ခန့် အသုံးပြုနိုင်တာက ပရီမီယံ Laptop တစ်လုံးရဲ့ အသုံးပြုနိုင်မှု ကြာချိန်ရဲ့တစ်ဝက်လောက်ပဲ ရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ဝ.၇၇ ကီလိုဂရမ် ( ၁.၇ ပေါင်) ရှိပါတယ်။

– ရဲထွဋ်ဝင်း
Ref: www.laptopmag.com