Microsoft Surface Laptop GO

ဈေးနှုန်း – ကန်ဒေါ်လာ ၈၉၉

အားသာချက်

စတိုင်ကျလှပတဲ့ ဒီဇိုင်း၊ ထိပ်တန်းကီးဘုတ်၊ ကောင်းမွန်တဲ့ ၁၂.၄ လက်မ Display နဲ့ 3:2 aspect ratio နဲ့ ကြည့်ရှုနိုင်မယ့် ပါးလွှာတဲ့ bezels ဘေးဘောင်တွေ ဖန်တီးထားတာ ဒီ Laptop ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။

အားနည်းချက်

ဘက်ထရီနဲ့ အသုံးပြုနိုင်မှုက ပုံမှန်ရှိသင့်တာထက်နည်းတာ၊ ကီးဘုတ်က backlit မဟုတ်တာနဲ့ ဒီ Laptop မှာ သုံးထားတဲ့ spec တွေက ပြိုင်ဘက်မော်ဒယ်တွေနဲ့ယှဉ်ရင် ပရီမီယံ အရမ်းမဆန်တာတွေက ဒီ Laptop ရဲ့ အားနည်းချက်ပဲ ဖြစ်ပါတယ်။

သုံးသပ်ချက်

Surface Laptop Go ဒေါ်လာတစ်ထောင်အောက် ဒီဇိုင်းလှပပြီး စွမ်းဆောင်ရည်ကောင်းတဲ့ Laptop တစ်လုံးလို့ ဆိုရမှာပါ။ MacBooks နဲ့ XPSs Laptop တွေထက် ဈေးသက်သာသလို ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်း၊ မြင်ကွင်းကျယ် Display နဲ့ အသုံးပြုရတာကောင်းမွန်တဲ့ ကီးဘုတ်နဲ့ မြန်ဆန်တဲ့ စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားပေမယ့် ကီးဘုတ်မှာ backlit မပါဝင်တာ၊ ဘက်ထရီနဲ့အသုံးပြုနိုင်မှုက ပရီမီယံ Laptop ရဲ့ ပျှမ်းမျှရှိအသုံးပြုနိုင်မှု ၁၁ နာရီအောက် ရှိတာတွေက ပြိုင်ဘက်ပရီမီယံ Laptop တွေနဲ့ ယှဉ်မယ်ဆိုရင်တော့ ပရီမီယံဆန်တဲ့ လုပ်ဆောင်ချက်တွေ များစွာပါဝင်တယ်လို့ မခံစားရပါဘူး။ လက်ရှိ ဈေးကွက်ထဲက ဒေါ်လာတစ်ထောင်အောက် HP Envy X360 13 က ဘက်ထရီနဲ့ ၁၂ နာရီသုံးနိုင်သလို စွမ်းရည်ပြည့် AMD Ryzen CPU သုံးထားတာ၊ ဒေါ်လာ ၉၉၉ တန် Asus ZenBook 12 UX325EA က ပိုပြီး ပါးလွှာတာ၊ ဒေါ်လာ ၈၄၉ တန် PixelBook Go ကလည်း Suface Laptop Go လောက် စွမ်းဆောင်ရည်ပိုင်း သိပ်မရှိပေမယ့် ဘက်ထရီနဲ့ တစ်ရက်ကြာ သုံးနိုင်သလို ultra-lightweight အထူးပေါ့ပါးမှုလည်း ရှိပါတယ်။ သင့်အနေနဲ့ ပေါ့ပါးမှုရှိပြီး ဈေးသိပ်မများတဲ့ Flagship မော်ဒယ် Laptop ကို သုံးချင်ရင်တော့ Surface Laptop Go က ရွေးချယ်စရာ တစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Surface Laptop GO ရဲ့ ၁၂.၄ လက်မရှိတဲ့ Touchscreen Display က ရုပ်ထွက်အရည်အသွေး 1536x1024p ထောက်ပံ့ပေးနိုင်ပါတယ်။ Stylus အထောက်အပံ့နဲ့ 2-in-1 လုပ်ဆောင်ချက်တွေ မပါဝင်ပေမယ့် Touchscreen Display က အသုံးပြုရတာ ကောင်းမွန်တယ်လို့ဆိုရမှာပါ။ ဒီ laptop မှာ 10th Gen Intel Core-i5-1035G1 processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Intel UHD GPU ထောက်ပံ့ပါဝင်ပါတယ်။ RAM 8GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 256GB SSD တွေ ပါဝင်ပါတယ်။ စပီကာရဲ့ အသံထွက်ပိုင်းက ကောင်းမွန်မှုရှိသလို 720p Webcam ကလည်း အွန်လိုင်းဗီဒီယိုဖုန်းခေါ်ဆိုမှု အတွက် အဆင်ပြေလှပေမယ့် အရမ်းကောင်းတယ်လို့တော့ မခံစားရပါဘူး။ ၃.၉x၂.၆ လက်မ touchpad က တုံ့ပြန်မှုပိုင်း မြန်ဆန်ကောင်းမွန်ပြီး Windwos 10 gestures စနစ်လည်း ထောက်ပံ့ပါဝင်ပါတယ်။ ကိုယ်ထည်ရဲ့ ဘယ်ဘက်ဘောင်ထဲမှာ USB 3.1 Type-A ပေါက်၊ USB Type-C ပေါက်နဲ့ နားကြပ်ပေါက်တွေရှိပြီး ညာဘက်မှာတော့ အားသွင်းဖို့အတွက် သံလိုက် Surface connector ပေါက်ရှိမှာ ဖြစ်ပါတယ်။ ပါဝါခလုတ်မှာ LED မီးဘောင်လေး ထည့်သွင်းထားပြီး လက်ဗွေ Fingerprint sensor ကလည်း အလွယ်တကူ လျင်လျင်မြန်မြန် အသုံးပြုနိုင်တာ သဘောကျစရာပါ။

Surface Laptop Go က တစ်နေ့တာအသုံးပြုမှုအတွက် လုံလောက်တဲ့ ဘက်ထရီစွမ်းဆောင်ရည်ရှိတဲ့ Laptop တစ်လုံးလို့ ဆိုရမှာပါ။ မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၇ နာရီနဲ့ ၄၂ မိနစ်ခန့် အသုံးပြုနိုင်တာက နှစ်သက်စရာပါ။ အလေးချိန်ကတော့ ၁.၁၃ ကီလိုဂရမ် (၂.၅ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း
Ref: www.laptopmag.com

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««