Microsoft Surface Laptop 3 (15-inch)

ဈေးနှုန်း – ကန်ဒေါ်လာ ၁၆၉၉

အားသာချက်

ဆွဲဆောင်မှုရှိတဲ့ အလူမီနီယံကိုယ်ထည် ဒီဇိုင်းနဲ့ ပေါ့ပါး ပါးလွှာတဲ့ Laptop တစ်လုံးပါ။ ၁၅ လက်မ Display က ရုပ်ထွက်ပိုင်း မြင့်မားကောင်းမွန်သလို အသံထွက်ပိုင်း ကြည်လင်တဲ့ စပီကာက ကျယ်လောင်မှုလည်း ရှိပါတယ်။

အားနည်းချက်

ဘက်ထရီနဲ့အသုံးပြုနိုင်မှုက သာမန်လောက်ပဲရှိပါတယ်။ စျေးနှုန်းမြင့်မားပြီး စွမ်းဆောင်ရည်ပိုင်းအနေနဲ့ စိတ်တိုင်းကျလောက်စရာ ကောင်းမွန်မှုမရှိပါဘူး။ သူ့မှာသုံးထားတဲ့ SSD ရဲ့ အချက်အလက် ကူးပြောင်းနိုင်မှုနှုန်းကလည်း နှေးတယ်လို့ဆိုရမှာဖြစ်ပါတယ်။

သုံးသပ်ချက်

Microsoft Surface Laptop 3 က ဆွဲဆောင်မှုရှိပြီး Display ကြီးမားတဲ့ Ultraportable Laptop တစ်လုံး ဖြစ်ပေမယ့် အားနည်းချက်တွေရှိတဲ့ Laptop တစ်လုံးလို့ သုံးသပ်ရမှာပါ။ ဒီ Laptop က Microsoft ရဲ့ တခြား Laptop အမှတ်တံဆိပ်တွေလိုမျိုး မြင်ကွင်းကြီးမားတဲ့ Laptop စတင်မှု အစဖြစ်တဲ့ Laptopt တစ်လုံးပါ။ Surface ရဲ့ အသွင်အပြင်အတိုင်း အထင်ကြီးလောက်တဲ့ ပေါ့ပါးမှုနဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ သတ္တုကိုယ်ထည်ဒီဇိုင်းတွေက Ultraportable Laptop သုံးသူတွေကို ဆွဲဆောင်နိုင်လှပေမယ့် ပေးရတဲ့ဈေးနဲ့ နှိုင်းစာရင်တော့ သူ့ရဲ့ စွမ်းဆောင်ရည်ပိုင်းနဲ့ ဘက်ထရီပိုင်းတွေက ဒီထက်ပိုကောင်းသင့်တယ်လို့မြင်ပါတယ်။ Surface စီးရီးရဲ့ မော်ဒယ်သစ် Laptop ကို စမ်းသပ် အသုံးပြုချင်သူတွေနဲ့ ပေါ့ပါးပြီး ဒီဇိုင်းလှပတဲ့ Ultraportable Laptop ကို မာတီမီဒီယာစနစ် ကောင်းကောင်းနဲ့ အသုံးပြုချင်သူတွေအတွက်တော့ ရွေးချယ်သင့်တဲ့ Laptop ပဲဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၅ လက်မရှိတဲ့ Display က Touch-screen အမျိုးအစားဖြစ်ပြီး ရုပ်ထွက်အရည်အသွေးကို 2496×1664 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ AMD Ryzen 5 3580U processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Microsoft Surface Edition အမျိုးအစား AMD Radeon Vega 9 GPU ထောက်ပံ့ပါဝင်ပါတယ်။ RAM 16 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 256 GB M.2 PCIe NVMe SSD ကို အသုံးပြုထားပါတယ်။ သူ့မှာ တပ်ဆင်ထားတဲ့ Webcam က 720p အမျိုးအစားဖြစ်ပြီး ၄.၅x၃ လက်မ အရွယ်အစား Touchpad ရဲ့ sensitivity ကလည်း တုံ့ပြန်မှုကောင်းမွန်ပါတယ်။ WiFi 802.11ac ၊ Bluetooth 5.0 ၊ USB-C ပေါက်၊ Surface Connect ပေါက်၊ USB 3.1 ပေါက် နဲ့ နားကြပ်ပေါက်တွေပါဝင် ပ ါတယ်။ မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်းအဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၈ နာရီနဲ့ ၁၄ မိနစ်ခန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၅ ကီလိုဂရမ် (၃.၄ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

Ref: www.laptopmag.com