Microsoft Surface Duo

Microsoft အတွက် Android OS ကို ပထမဆုံး အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ Foldable ဖြစ်တဲ့ Microsoft Surface Duo ဖြစ်ပါတယ်။ Android Screen Display နှစ်ခုနဲ့ Mini PC လို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Display နှစ်ခုကို တစ်ဖက်စီမှာ ထည့်သွင်းထားတာ ဖြစ်ပြီး အခြားသော Foldable ဖုန်းတွေလိုမျိုး Display တစ်ခုထဲကို ခေါက်ချိုးထားတာမျိုး မဟုတ်ပါဘူး။ ပါးလွှာတဲ့အပြင် ၃၆၀ ဒီဂရီ အထိ ခေါက်ချိုးလို့လည်း ရပါတယ်။ Nano SIM နဲ့ eSIM တွေအသုံးပြုနိုင်ပါတယ်။ ၅.၆ လက်မရွယ် AMOLED display နှစ်ခု ပါဝင်ပြီး Resolution ကတော့ 1800 x 2700 pixels ရရှိမှာပါ။ Aspect ratio ကတော့ 3:2 ဖြစ်ပြီး Display နှစ်ခုနဲ့ဆို 8.1 inches ရှိမှာပဲ ဖြစ်ပါတယ်။ Surface Duo မှာ Gorilla Glass ကိုသုံးထားပြီး ကင်မရာကတော့ Surface Duo မှာ 11 MP f/2.0 သုံးပေးထားပါတယ်။ HDR multi-frame capture, zoom 7 ဆ 4k video recording ကို 30fps မှာရော 60fps မှာပါ ရိုက်ကူးနိုင်မှာပါ။ CPU ကတော့ Snapdragon 855 အမျိုးအစားဖြစ်ပြီး RAM 6GB နဲ့ storage ကိုတော့ 256GB အထိ သုံးနိုင်မှာပါ။ Android 10 ထောက်ပံ့ပေးထားပါတယ်။ Battery နှစ်လုံးပါဝင်ပြီး နှစ်လုံးပေါင်းလိုက်ရင် 3577 mAh capacity ရှိပါတယ်။ Android device ဆိုတော့ Android app တွေအကုန် အသုံးပြုနိုင်မှာ ဖြစ်ပြီး Split screen သုံးနိုင်ဖို့အတွက် Developer တွေအနေနဲ့စိတ်ကြိုက် optimize လုပ်နိုင်မှာပါ။ Sensor အနေနဲ့ Fingerprint (side-mounted), accelerometer, proximity စတာတွေ ထောက်ပံ့ပေးထားပါတယ်။

အရွယ်အစားကတော့ ခေါက်ထားရင် 186.9 x 145.2 x 4.8 mm ရှိပြီး မခေါက်ထားရင် 145.2 x 93.3 x 9.9 mm ရှိပါတယ်။ အမေရိကန်ဒေါ်လာ ၁၆၉၅ ဒေါ်လာနဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Linn IT & Mobile Mart (နေပြည်တော်) ဖုန်း (၀၆၇) ၂၄၄၈၈၊ ၂၆၈၈၄ တို့မှာ ၀ယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««