Microsoft solution များ၏ အသုံးဝင်ပုံနှင့် နည်းပညာမျှဝေခြင်းအခမ်းအနား ပြုလုပ်ခဲ့

NEX4 Co., Ltd နဲ့ Microsoft Co., Ltd တို့ ပူးပေါင်းပြီး Microsoft solution တွေရဲ့ အသုံးဝင်ပုံနဲ့ နည်းပညာမျှဝေခြင်း အခမ်းအနားကို Eureka Room, Novotel Yangon Hotel Max မှာ ကျင်းပခဲ့ပါတယ်။

Microsoft Myanmar မှ country Manager ကိုစိုးသူအောင်က “ဒီနေ့ ကျင်းပတဲ့ပွဲကတော့ Microsoft နဲ့ NEX4 ပူးပေါင်းပြီး လုပ်တဲ့ပွဲပါ။ ကျွန်တော်တို့ Microsoft လို့ပြောတယ်ဆိုရင် အားလုံးက windows, Office လို့ပဲသိကြတယ်။ ဒါပေမဲ့ Microsoft မှာ solution တွေအများကြီးရှိတယ်။ အဲ့ဒါကို market awareness အနေနဲ့ လုပ်တဲ့ပွဲဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

“ဒီ solution တွေသုံးမယ်ဆိုရင် ကိုယ့်ရဲ့ Finance နဲ့ပတ်သက်တဲ့ အချစ်အလက်တွေဖြစ်ဖြစ်၊ business နဲ့ပတ်သက်တဲ့ အချက်အလက်တွေဖြစ်ဖြစ် လုံလုံခြုံခြုံနဲ့ share လို့ရမယ်။ ပြီတော့ ပိုပြီးတော့ လုံခြုံမှုရှိမယ်။ အချက်အလက်တွေပျောက်မှာ၊ အခိုးခံရမှာ မပူရတော့ပါဘူး” လို့ NEX4 Co., Ltd ရဲ့ system solution specialist ဖြစ်သူ ကိုရဲရင့်စည်သူကပြောပါတယ်။

-အောင်သူ