Microsoft Power BI သင်တန်းဖွင့်မည်

Microsoft Power BI သင်တန်းကို Phandeeyar Institute မှ နိုဝင်ဘာလ မှာဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

သင်တန်းမှာ Data Management, Analysisနဲ့ Visualization ကို စနစ်တကျ အသုံးပြုပြီး Business Intelligence Skill ကို ပိုမိုတိုးတက်လာအောင် သင်ကြားပေးသွားမှာ ဖြစ်ကာ Introduction to Power BI Desktop, Query Editor and its application in Power BI, Introduction to Data Model, Power BI data Mapping, Power BI Data Visualization, Power BI Report, Power BI with ArcGIS, Power BI Project Case Study တွေကို သင်ကြားရမှာ ဖြစ်ပါတယ်။

သင်တန်းကို နိုဝင်ဘာ ၁၄ ရက် မှ စတင်ဖွင့်လှစ်မှာ ဖြစ်ပြီး နံနက် ၉း၃၀ မှ ၁၂း ၃၀ အထိ အပတ်စဉ် စနေ၊ တနဂ်နွေ တွေမှာ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းကာလ ၁ လ ကြာမြင့်မှာ ဖြစ်ပြီး https://bit.ly/30OljLc မှာစာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။

သင်တန်းကြေးကတော့ ၂၅၀,၀၀၀ ကျပ် ဖြစ်ပြီး အသေးစိတ်ကို ဖုန်း- ၀၉၉၅၇၂၅၈၀၁၇ သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««