Microsoft Outlook ပြတ်တောက်မှု ဖြစ်ပွား

Microsoft ရဲ့ Outlook ဝန်ဆောင်မှုဟာ ကမ္ဘာတစ်ဝန်းမှာ ပြတ်တောက်သွားခဲ့ပါတယ်။ Outlook.com နဲ့ desktop နဲ့ မိုဘိုင်းပေါ်က Outlook တို့ကို ထိခိုက်ခဲ့ပါတယ်။ ပြတ်တောက်မှုက အရှေ့ပိုင်းအချိန် နံနက် ၂. နာရီမှာ ဖြစ်ပွားခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းက သုံးစွဲသူအားလုံးအပေါ် သက်ရောက်ခဲ့တယ်လို့ Microsoft က အတည်ပြုခဲ့ပါတယ်။ Outlook သုံးစွဲသူတွေက အီးမေးလ်ထဲ ဝင်ရောက်လို့မရသလို Outlook.com ကလည်း ၄ နာရီလောက် ပြတ်တောက်ခဲ့တယ်။

လတ်တလောပြုလုပ်ခဲ့တဲ့ အစီအစဉ်ပြောင်းလဲမှုက ပြဿနာဖြစ်ပေါ်ခဲ့တာလို့ Microsoft ကပြောခဲ့ပါတယ်။ အခုဆိုရင် update ကိုပြန်ကောက်ပြီး recovery အတွက် ဝန်ဆောင်မှုကို စောင့်ကြည့်တယ်လို့ ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««