Microsoft Office ကို Chromebook အားလုံးတွင် အသုံးပြုနိုင်ပြီ

Chromebook အတွက် Office app တွေကို နှစ်အတန်ကြာ စမ်းသပ်ခဲ့ပြီးနောက် အခုအခါ Chromebook တွေမှာ သုံးနိုင်မယ့် Office app တွေကို Google Play Store ကနေ ရရှိနိုင်ပြီဖြစ်ပါတယ်။

အဲ့ဒီ app တွေဟာ Android tablet ပေါ်မှာသုံးတဲ့အတိုင်း အလားတူ feature တွေပါဝင်တဲ့ Android versions of Office ဖြစ်ပါတယ်။ ၁၀.၁ လက်မ display ပါဝင်တဲ့ Asus Chromebook Flip အနေနဲ့ Chrome OS ပေါ်မှာ Office ကို အခမဲ့ အသုံးပြုခွင့် ရရှိမှာဖြစ်ပါတယ်။ အရွယ်ကြီးမားတဲ့ ထုတ်ကုန်တွေမှာတော့ လစဉ်ကြေးတစ်ခု လိုအပ်မှာ ဖြစ်ပါတယ်။ Microsoft ဟာ Windows, iOS နဲ့ Android hardware အတွက် စည်းမျဉ်းတစ်ခု သတ်မှတ်ထားတာကြောင့် ၁၀.၁ လက်မထက်ကြီးတဲ့ ထုတ်ကုန်တွေမှာ document တွေကို create, edit, print လုပ်ဖို့အတွက် Office 365 လစဉ်ကြေးတစ်ခု လိုအပ်မှာဖြစ်ပါတယ်။

Chromebook တွေရဲ့ နာမည်ကျော်ကြားမှုဟာ မြင့်တက်လာလျက်ရှိပြီး Google ရဲ့ထုတ်ကုန်တွေက ကွန်ပျူတာဈေးကွက်ကို ငါးနှစ်အတွင်း ပထမဆုံးအကြိမ် မြင့်တက်စေရာမှာ အထောက်အကူဖြစ်စေခဲ့သလို ပြီးခဲ့တဲ့နှစ်ကလည်း အမေရိကန်မှာ Mac ထက် ပိုမိုရောင်းချခဲ့ရပါတယ်။

Microsoft ကလည်း ကျောင်းတွေအတွက်ရည်ရွယ်ထားတဲ့ ကိုယ်ပိုင် Windows 10 S operating system နဲ့ ဈေးသက်သာတဲ့ laptop တွေနဲ့အတူ Chromebook တွေကို ယှဉ်ပြိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: TheVerge