Microsoft EDGE (Dev Preview) ကို Ubuntu OS မှာ ဘယ်လိုထည့်သွင်းမလဲ

Ubuntu OS မှာ Microsoft EDGE browser ကို သုံးစွဲချင်သူတွေအတွက် Microsoft EDGE (Dev Preview) ကို ထည့်သွင်းအသုံးပြုနိုင်ပါပြီ။ Microsoft EDGE (Dev Preview) ကို ထည့်သွင်းလိုသူတွေအနေနဲ့ ဖော်ပြထားတဲ့ အတိုင်း လုပ်ဆောင်နိုင်ပါတယ်။

Ubuntu OS မှာ Microsoft EDGE (Dev Preview) ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီးဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ် ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင် တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

Microsoft EDGE (Dev Preview) ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo apt install ./Downloads/microsoft-edge-dev

wget -O – https://packages.microsoft.com/keys/microsoft.asc | sudo apt-key add –

sudo sh -c ‘echo “deb [arch=amd64] https://packages.microsoft.com/repos/edge stable main” >> /etc/apt/sources.list.d/microsoft-edge-dev.list’

sudo apt update

sudo apt install microsoft-edge-dev

ဆိုတဲ့ command တွေဖြစ် ပါတယ်။ အဆိုပါ command တွေကိုထည့်သွင်းပြီး ပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး ထည့်သွင်း ပေးသွားမှာဖြစ်ပါတယ်။ အသုံး မပြုလိုတော့လို့ ပြန်လည် ဖယ်ရှားချင်တယ်ဆိုရင်

sudo apt remove microsoft-edge-dev

ဆိုတဲ့ command နဲ့ ပြန်လည် ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

-သီဟ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««