Microsoft EDGE browser မှာ Google Chrome Extension ကို ဘယ်လိုထည့်သွင်းမလဲ

မကြာသေးခင်က ဖြန့်ချိခဲ့တဲ့ Microsoft EDGE browser ဟာ chromium code တွေကို အခြေခံပြီး တည်ဆောက်ထားပါတယ်။ Microsoft ရဲ့ Edge အသစ်ကို အသုံးပြုတဲ့ သူတွေအတွက်အချို့ chrome browser မှာ သုံးနေကြ extension တွေကို ထည့်သွင်းအသုံးပြုလိုတယ်ဆိုရင် ဖော်ပြပါနည်းလမ်းအတိုင်း ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ပထမဆုံး http://bit.ly/2UeQ3CA ဆိုတဲ့ ဝက်ဘ်ဆိုက် လိပ်စာမှာ Edge browser ကို အရင်ဆုံး download လုပ်ပါ။ Download လုပ်ပြီး install လုပ်ပြီးသွားပြီဆိုရင် extension menu ကိုဖွင့်ရမှာဖြစ်ပါတယ်။ Extension menu ကို ရှာဖွေ ဖို့အတွက် Edge browser ရဲ့ ညာဘက်ထောင့် အပေါ်နားမှာရှိတဲ့ အစက် သုံးစက်ကို နှိပ်လိုက်ပါ။

ပြီးရင် Extension ဆိုတာကို ရွေးရပါမယ်။ Extension ထဲကို ရောက်သွားပြီဆိုရင် ဘယ်ဘက် အောက်ဘက်နားလေးမှာ Allow extension from other stores ဆိုတဲ့ toggle ကိုဖွင့်ပေးရပါမယ်။ အဆိုပါ toggle ကိုဖွင့်ပြီးရင် pop-up တစ်ခုတက်လာပါလိမ့်မယ်။ လက်ခံပေးလိုက် ရမှာဖြစ်ပါ တယ်။ ဒါဆိုရင် chrome extension တွေကို Microsoft Edge browser မှာထည့်သွင်း အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

-သီဟ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««