Microsoft Edge Browser ကို iOS နဲ့ Android အတွက် ဖြန့်ချိ

iPhone အတွက် Microsoft Edge browser ကို public beta အဖြစ် နှစ်လနီးပါး စမ်းသပ်အပြီးမှာ App Store မှာ တရားဝင် ထွက်ရှိလာပြီ ဖြစ်ပါတယ်။

iPhoen အတွက် ဖြန့်ချိလိုက်တဲ့ Microsoft Edge browser မှာ Mac အစား Windows ကွန်ပျူတာ အသုံးပြုတဲ့ သုံးစွဲသူတွေအတွက် “Continue on PC” feature ပါဝင်လာပါတယ်။ အဲဒီ feature က မိုဘိုင်းကဝက်ဘ်ဆိုက်တွေကို browser desktop ဗားရှင်းကို ပေးပို့နိုင်ပါတယ်။

iPhone အတွက် Microsoft Edge မှာ သုံးစွဲသူစိတ်ကြိုက် ဝက်ဘ်ဆိုက်တွေ၊ စာဖတ်ဖို့ စာရင်းနဲ့ password တွေကို ထုတ်ကုန်တွေနဲ့ sync ပြုလုပ်ပေးပါတယ်။ ဒါ့အပြင် all-in-one Hub View, QR code reader, voice search နဲ့ private browsing mode စတာတွေလည်း ပါဝင်လာပါတယ်။

Bing, Google ဒါမှမဟုတ် Yahoo တွေကို default search engine အဖြစ် Microsoft Edge မှာသတ်မှတ်နိုင်ပြီး desktop ဗားရှင်းနဲ့ ဒီဇိုင်းပိုင်းဆင်ပါတယ်။ မိုဘိုင်းဗားရှင်းမှာတော့ Microsoft ရဲ့ Cortana assistant ဒါမှမဟုတ် built-in ad block တွေမပါဝင်ပါဘူး။

iOS မှာ Microsoft က third-party browser တွေအတွက် လိုအပ်တဲ့ Apple ရဲ့ WebKit engine ကို အသုံးပြုထားပါတယ်။ iOS အတွက် Edge ဟာ iPhone မှာရှိတဲ့ Safari ဗားရှင်းတူညီအောင် ပြုလုပ်ထားတယ်လို့ Microsoft ကပြောခဲ့ပါတယ်။ Microsoft Edge ကို iPhone မှာ default browser အဖြစ် အသုံးမပြုနိုင်ပါဘူး။

iPhone အတွက် Microsoft Edge ကို iOS 9 နဲ့အထက်မှာ အသုံးပြုနိုင်ပါတယ်။ Google Play မှာလည်း Android အတွက် Microsoft Edge ကိုဖြန့်ချိထားပါတယ်။ လာမယ့်အနာဂတ်မှာ iPad ထောက်ပံ့မှုကို Microsoft Edge မှာ ထည့်သွင်းသွားမယ်လို့ Microsoft ကပြောကြားထားပါတယ်။

Microsoft Edge ကို အမေရိကန်၊ တရုတ်၊ ပြင်သစ်နဲ့ ယူကေမှာ ကနဦးဖြန့်ချိသွားမှာ ဖြစ်ပြီး နောက်ပိုင်းမှ အခြားဒေသနဲ့ ဘာသာစကားအတွက် ဖြန့်ချိသွားပါမယ်။ ဒါ့အပြင် Microsoft Edge ကို iPhone X ရဲ့ screen အရွယ်နဲ့ ကိုက်ညီအောင် ပြုလုပ်ဖို့ လိုအပ်နေပါသေးတယ်။

စိုးထက်
Ref: MacRumors