Microsoft EDGE Browser ကို Android device ထည့်သွင်းခြင်း

Microsoft EDGE browser ဟာ Windows 10 မှာ ထည့်သွင်းပေးထားတဲ့ new feature ပေါင်းများစွာနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ browser တစ်ခုပဲဖြစ်ပါတယ်။ အခုအခါမှာ Android user တွေဟာ Microsoft က ထုတ်လုပ်ဖြန့်ချိထားတဲ့ EDGE browser ကို Android device တွေမှာ ထည့်သွင်းပြီး သုံးစွဲချင်တယ်ဆိုရင် သုံးစွဲနိုင်ဖို့အတွက် အခွင့်အရေးတွေ ရရှိနိုင်ပြီဖြစ်ပါတယ်။

Microsoft EDGE browser ကို Android device တွေမှာ ထည့်သွင်း သုံးစွဲချင်တယ်ဆိုရင် Google Play store ကနေ download လုပ်ယူပြီး သုံးစွဲနိုင်ပါတယ်။ Microsoft ဟာ အစောပိုင်းအချိန်ထဲက Microsoft EDGE Preview (Unrelease) ကို Play Store မှာတင်ပေးထားတဲ့အတွက် Android user တွေ Play Store ကနေအလွယ်တကူနဲ့ ထည့်သွင်းပြီးသုံးစွဲနိုင်ပါတယ်။

Microsoft EDGE browser ကို Google Play Store ကနေ download လုပ်ယူမယ်ဆိုရင်  ဒီနေရာကနေ download လုပ်ယူပါ။

တကယ်လို့အခြားအကြောင်းတစ်ခုခုကြောင့် Google Play Store ကို အသုံးမပြုနိုင်သူတွေဆိုရင် Android device ထဲက web browser တစ်ခုကိုဖွင့်ပါ။ ပြီးရင် ဒီနေရာ ကိုနှိပ်ပြီး Android ကိုရွေးချယ်ကာ download လုပ်ယူနိုင်ပါတယ်။ iOS သုံးစွဲသူတွေ အတွက် Apple Logo ကိုနှိပ်ကာ အမည် တွေဖြည့်သွင်းပြီး Apple ID ထည့်သွင်းကာ submit ကို နှိပ်ပြီး EDGE browser ကို သုံးစွဲခွင့်ရရှိမယ့် သတ်မှတ်အချိန်ကိုစောင့်ပေးရမှာဖြစ်ပါတယ်။